29 C
Yangon

ရေနံချောင်းမြို့တွင် စစ်တပ်က စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိရာနေရာကို မိသားစုဝင်များက တွေ့ခွင့်ပေးရန် သွားရောက် တောင်းဆိုပြီးနောက် စစ်တပ်က ဖမ်းဆီးထားသူများကို စစ်ကားများဖြင့် နေရာပြောင်းရွေ့

Must read

ရန်ကုန်၊ မေ ၈

မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိရာနေရာကို မိသားစုဝင်များက တွေ့ခွင့်ပေးရန် သွားရောက် တောင်းဆိုပြီးနောက် စစ်တပ်က ဖမ်းဆီးထားသူများကို စစ်ကားများဖြင့် နေရာပြောင်းရွေ့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ်စုဆောင်းရန် ဖမ်းဆီးထားသော အမျိုးသား ၄၀ ကျော် ထားရှိသည့် ရွှေဘုံသာဘောလုံးကွင်းကို မိသားစုဝင်များက တွေ့ခွင့်ပေးရန် သွားရောက် တောင်းဆိုပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဖမ်းဆီးထားသူများကို စစ်ကား အကြီး ၃ စီး၊ အသေး ၄ စီးဖြင့် ခေါ်ထုတ်သွားကြောင်း သိရသည်။

“ရေနံချောင်းမြို့မှာ စစ်ခွေးတွေ ပေါ်တာဆွဲထားတဲ့သူတွေကို ဒီနေ့ ၁၂ နာရီလောက်မှာ ရွှေဘုံသာ ဘောလုံးကွင်းကနေ ခေါ်ထုတ်သွားပါပြီ တွေ့ခွင့်ပေးဖို့ သွားတောင်းဆိုတဲ့ မိသားစုတွေတော့ ငိုပြီး ကျန်နေခဲ့ကြတယ်။ စစ်ကား အကြီး ၃ စီး၊ အသေး ၄ စီးနဲ့ ခေါ် ထုတ်သွားတာ လူ ၄၀ ကျော်လောက်ပါမယ်ထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ရေနံချောင်းမြို့တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၂၅ ရက်နေ့က စတင်ကာ တွင်းကုန်းရပ်ကွက်နှင့် သူဌေးကုန်း ရပ်ကွက် အကြား ပင်းဘုရားလမ်းဆုံတွင် စစ်ဆေးရေးဂိတ်ချကာ ပေါ်တာဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #စစ်သားသစ်စုဆောင်းရန် #မိသားစုဝင်များက တွေ့ခွင့်ပေးရန်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article