31 C
Yangon

မိုးကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA စခန်းကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ပြီး ယာယီအပစ်ရပ်ရေးသဘောတူညီချက်ကို စစ်ကောင်စီ ချိုးဖောက်

Must read

ရန်ကုန်၊ မေ ၈

မန္တလေးတိုင်း၊ မိုကုတ်မြို့နယ်၊ ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

မေလ ၄ ရက်နေ့ ည ၈ နာရီခန့်အချိန် မိုးကုတ်မြို့နယ်၊ ဖြူရောင်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ ၁၄၈ နှင့် ခလရ ၇၁ တပ်တို့က ညောင်ကုန်းကျေးရွာရှိ TNLA တပ်စခန်းကို လက်နက်ကြီး ၄ လုံးအပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို ပစ်ခတ်မှုကြောင့် ဖြူရောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာအကြားသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အကြား ယာယီအပစ်ရပ်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကာ အပစ်ရပ် ပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ညီနောင်မဟာမိတ်တပ်စခန်းရှိသည့် နေရာများသို့ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ လာရောက်ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။

ဧပြီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာသုံးဆယ်ကျေးရွာက အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နေ အိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ယာယီအပစ်ရပ်ရေးသဘောတူညီချက် #စစ်ကောင်စီ ချိုးဖောက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article