35 C
Yangon

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှ လူငယ် ၈၅ ဦးကို စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၊ မွန်ပြည်နယ်တွင်လည်း လူငယ် ၅၀ ဦးကို တပ်သားသစ်အဖြစ် စစ်တပ်က အတင်းအကျပ် စုဆောင်း

Must read

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့မှ လူငယ် ၈၅ ဦးကို စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွား၊ မွန်ပြည်နယ်တွင်လည်း လူငယ် ၅၀ ဦးကို တပ်သားသစ်အဖြစ် စစ်တပ်က အတင်းအကျပ် စုဆောင်း

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့ပေါ်တွင် လူငယ် အမျိုသား ၈၅ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရသည့် လူငယ်တချို့၏ ဆွေမျိုးသားချင်းများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလဆန်းပိုင်း ဒိုက်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီက လူငယ်များကို ရထားလမ်းလုံခြုံရေးအတွက် ကင်းစောင့်ရမည်ဟုလည်းကောင်း၊ ဆေးစစ်ရမည်ဟု လည်းကောင်း ညအချိန် ရပ်ကွက်များအတွင်းသို့ ဝင်ရောက် ဖမ်းဆီးကြောင်း ၊ မူလက ခဏ ခေါ်ဆောင်သည်ဟု ပြောဆိုခဲ့ပြီးနောက် စစ်တပ်ထဲတွင် ပြန်မလွှတ်တော့ဘဲ ချုပ်နှောင်ထားခဲ့ကြောင်း၊ မေလ ၇ ရက်နေ့တွင်မူ စစ်ကားများဖြင့် လူငယ်များကို ခေါ်ဆောင်သွားပြီး မိဘဆွေမျိုးများနှင့် ဖမ်းဆီးခံ လူငယ်များ အဆက်သွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။

“လူငယ်တွေကို စစ်တပ်က ရထားလမ်းစောင့်ရမယ်၊ ဆေးစစ်မယ်ဆိုပြီး ခေါ်သွားတာ။ ဒိုက်ဦးတစ်မြို့လုံး ၈၅ ဦးရှိပါတယ်။ ပထမ ဒိုက်ဦးမြို့ ခမရ ၄၄၀ တပ်ထဲမှာ ထားတယ်။ မေလ ၇ ရက်နေ့မှာတော့ လူငယ်တွေအားလုံးကို စစ်ကားတွေနဲ့ ခေါ်သွားတယ်။ ဖမ်းဆီးခံ လူငယ်တွေနဲ့ မိဘဆွေမျိုးသားချင်းတွေ အဆက်အသွယ်မရတော့ဘူး။ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်သားတွေအဖြစ် ဖမ်းဆီးသွားတာလို့သိရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မွန်ပြည်နယ်တွင်လည်း စစ်မှုထမ်း အပတ်စဉ် ၂ အတွက် စစ်ကောင်စီက လူငယ် ၅၀ ဦးကို တပ်သားသစ်အဖြစ် စုဆောင်းပို့ဆောင်ခဲ့ကြောင်း မွန်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်သည်။

မေ လ ၃ ရက်နေ့တွင် စစ်မှုထမ်းအပတ်စဉ် ၂ အတွက် လူငယ် ၅၀ ဦးကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိတပ်နယ်သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ လူငယ်များတွင် မိဘ၏ သဘောတူညီချက်မရဘဲ စစ်တပ်က အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံရသူများ ပါဝင်ကြောင်း သိရှိရသည်။

“မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက်ကနေ မိဘသဘောတူညီမှုမရဘဲ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ် တချို့ စစ်ထဲ ပါသွားတယ်။ ဝင်ဖမ်းပြီး တပ်ထဲပို့တာ” ဟု မော်လမြိုင်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်မှုထမ်းအပတ်စဉ် ၁ အတွက် တပ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article