35 C
Yangon

နွားထိုးကြီးမြို့နယ်၊ လှည်းကူးမရွာတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦး သေဆုံး၊မြစ်ခြေမြို့တွင်လည်း တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

နွားထိုးကြီးမြို့နယ်၊ လှည်းကူးမရွာတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦး သေဆုံး၊မြစ်ခြေမြို့တွင်လည်း တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၈

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ လှည်းကူးမရွာတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၈ ရက် နံနက် ၆ နာရီ မိနစ် ၃၀ အချိန်ခန့်က နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ် အစပ်သို့ အင်အား ၅၁ ဦးဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို လှည်းကူးမရွာသို့ အရောက် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ် ရာ ရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ဗုံးကျဲခံရပြီသေဆုံးသွားသောအကြမ်းဖက်စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသူများကို ဇရပ်ကြီး ရွာ အကြမ်းဖက်စစ်တပ် အထိုင်စခန်းသို့ သုံးဘီးဖြင့် ပို့ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မေလ ၈ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ ဆောက်လုပ်ရေးရုံးအတွင်း တပ်စွဲထားသော စစ်တပ်နှင့်ပျူစောထီးများကို မြစ်ခြေ PDF၊ မြစ်ခြေ ပကဖတို့က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ စစ်သား ၃ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း မြစ်ခြေ PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“မြစ်ခြေမှာ ဆောက်လုပ်ရေးရုံးမှာ တပ်စွဲနေတဲ့ စစ်ခွေးတွေက လူသူမနေရဲ တော့တဲ့ ပြည်သူ့အိမ်တွေမှာ တက်နေကြတာ” ဟု မြစ်ခြေ PDF မှာ တာဝန်ရှိသူက ရှင်း လင်းပြောဆိုသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဖီးနစ်ဒရုန်းတပ်မှ တိုက်ခိုက်ရေး ဒရုန်းတစ်စင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article