35 C
Yangon

၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

Must read

၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်

ရန်ကုန်၊ မေ ၉

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ ကဇူး-ဒဘတ် တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးသဖြင့် တံတားကျိုးပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့ ညပိုင်းတွင် ၀ိုင်းမော်မြို့နယ်၊ မြစ်ကြီးနား -ဗန်းမော်လမ်းပေါ်ရှိ ကဇူးကျေးရွာနှင့် ဒဘတ်ကျေးရွာကို ဆက်သွယ်ထားသော တံတားကို စစ်တပ်က လာရောက်၍ မိုင်းခွဲဖျက်ဆီးလိုက်ကြောင်း၊ ထိုသို့ မိုင်းခွဲဖျက်ဆီးသဖြင့် တံတားမှာ ပျက်စီးသွားပြီး ကားများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း၊ အဓိကအားဖြင့် KIA နှင့် တော်လှန်ရေးတပ်များ မလာရောက်နိုင်စေရန် စစ်တပ်က ရည်ရွယ်၍ ဖျက်ဆီးသည်ဟု ယူဆနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“မြစ်ကြီးနား-ဗန်းမော်သွားတဲ့ လမ်းပေါ် ကဇူး- ဒဘတ် တံတားကို မနေ့ညပိုင်းမှာ မိုင်းခွဲသွားတာ။ စစ်တပ်က ခွဲသွားတာ။ ကားတွေတော့သွားလို့မရတော့ဘူး။ ဆိုင်ကယ်လောက်ကတော့ ထိန်းသွားရင်ရတယ်။ တံတားက အလယ်နားလောက်မှာ အတော်ကို ထိသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့ စတင်ခဲ့သော စစ်ဆင်ရေးများကြောင့် စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရရှိလာချိန်တွင် စစ်ကောင်စီက ယင်းကဲ့သို့ လမ်းပန်းဆက်သွယ် ရေးများ ဖြတ်တောက်ရန် လမ်းတံတားများကို ဖျက်ဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရှင်းလင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article