30 C
Yangon

လက်ပံတန်းစစ်ဆေးရေးဂိတွင် ဖမ်းဆီးခဲ့သည့် ကိုအောင်မျိုးလင်း အပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ပေါင်းတည်တွင် အလောင်းစွန့်ပစ်

Must read

လက်ပံတန်းစစ်ဆေးရေးဂိတွင် ဖမ်းဆီးခဲ့သည့် ကိုအောင်မျိုးလင်း အပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ပြီး ပေါင်းတည်တွင် အလောင်းစွန့်ပစ်

ရန်ကုန်၊ မေ ၉

ပဲခူးတိုင်း၊ လက်ပံတန်းမြို့အထွက်ရှိ ကွမ်းခြံကုန်းဂိတ်တွင် ဖမ်းဆီးခံရသည့် ကိုအောင်မျိုးလင်းအပါ အဝင် လူငယ် ၃ ဦးကို စစ်တပ်က လည်လှီးသတ်ဖြတ်ကာ ရုပ်လောင်းကို စွန့်ပစ်ခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၆ ရက်နေ့ နံနက် အစောပိုင်းက ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်သာကျေးရွာအတွင်း နေရာ ၃ ခုတွင် မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ ရှားကုန်းကျေးရွာနေ အသက် ၁၉ နှစ်အရွယ် ကိုအောင် မျိုးလင်း၊ လက်ပံတန်းမြို့နယ်နေ ကိုကျော်ဖြိုးလင်းနှင့် ကောင်းထက်ကျော်(ခ) ကောင်းကောင်း တို့ ကို လည်လှီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“ကိုအောင်မျိုးလင်းက လွန်ခဲ့တဲ့ ၁ လလောက်က လက်ပံတန်းအလှူသွားရင်း လက်ပံတန်းမြို့အ ထွက် ကွမ်းခြံကုန်းဂိတ်မှာ အခြားလူတွေနဲ့အတူ အဖမ်းခံရပြီး အုတ်ဖိုစစ်ကြောရေးပို့ခံရတာ။ မိ သား စုနဲ့ အဆက်အသွယ်မရဖြစ်နေရာကနေ PDF က ဆိုပြီး အသတ်ခံရတာ။ ကို ကျော်ဖြိုးနဲ့လင်းနဲ့ ကောင်းထက်ကျော်(ခ)ကောင်းကောင်းက လက်ပံတန်းကလူငယ်တွေပါ။ အဖမ်းခံရတဲ့ လူငယ်တွေကို သတ်ပြီး ပေါင်းတည်ဘက်မှာ အလောင်းစွန့်ပစ်ထားတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၅ ရက်နေ့ ညပိုင်းက ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာကျေးရွာတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဝင်းလှိုင်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ က ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း၊ ထိုသို့ သတ်ဖြတ်ခံရသည်ကို စစ်တပ်က မကျေနပ်သဖြင့် ဖမ်းဆီးစစ်ကြောနေသည့် လူငယ် ၃ ဦးကို လည်လှီးသတ်ဖြတ် ကာ ကုန်းသာကျေးရွာအတွင်း နေရာ ၃ ခု၌ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စွန့်ပစ်ရာတွင် ရုပ်အလောင်းပေါ်၌ အနက်ရောင်သေမင်းတမန်ဆိုသည့် စာတန်း ချိတ်ဆွဲကာ စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးသတ်ဖြတ်ခံရသည်ကို မကျေနပ်သဖြင့် လက်စားချေသတ်ဖြတ်ကာ ဒေသနေပြည်သူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ခြိမ်းခြောက်သဘောဖြင့် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူများက ဝေဖန်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article