35 C
Yangon

မုံရွာမြို့နယ်၊တောပုကျေးရွာမှ ပျူစောထီးအမျိုးသမီးခေါင်းဆောင် အပါအဝင် ၃ ဦးကို ဖမ်းဆီးရရှိပြီး ဥပဒေနှင့်အညီ တရားရုံးတင် အရေးယူမည်

Must read

မုံရွာမြို့နယ်၊တောပုကျေးရွာမှ ပျူစောထီးအမျိုးသမီးခေါင်းဆောင် အပါအဝင် ၃ ဦးကို ဖမ်းဆီးရရှိပြီး ဥပဒေနှင့်အညီ တရားရုံးတင် အရေးယူမည်

■ ကျေးရွာများကို မီးရှို့မှုနှင့် ပစ္စည်းလုယက်မှုများတွင် ပါဝင်ခဲ့ဟု ၃ ဦးစလုံးက ဝန်ခံ ထွက်ဆို

ရန်ကုန်၊ မေ ၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးအဖွဲ့ ၏ အမျိုးသမီးခေါင်း ဆောင် အပါအဝင် ပျူစောထီး အမျိုးသမီး ၃ ဦးကို လက်ရဖမ်းဆီးရရှိခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၄ ရက်နေ့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ဆေးရုံ၌ မိုင်းထိဒဏ်ရာရရှိသော ပျူစောထီးတစ်ဦး ဒဏ်ရာသက်သာသဖြင့် ဆေးရုံမှ ဆင်းလာချိန် တောပုရွာမှ အမျိုးသမီး ပျူစောထီး ခေါင်းဆောင် ခိုင်ခင်ဦး၊ ပျူစောထီး ချစ်ရဲနိုင်၏ ဇနီး မိသီးနှင့်ပျူစောထီး ဌေးညွန့်၏ဇနီးအေးမြတ်မွန် တို့ ၃ ဦးကို လမ်း၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို တရားဥပဒေအရ အပြစ်ပေး အရေးယူ နိုင်ရေးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ – ပလဖ ထံအပ်နှံထားကြောင်း သိရသည်။

“မိုင်းထိတဲ့ကလေး နမခ စစ်ဆေးရုံကနေ ဆင်းလာတဲ့အချိန် ဖမ်းလိုက်တာဗျ။ ၃ ယောက်လုံးတပြိုင်တည်းမိတာ။ အခုလက်ရှိတော့ တရားစီရင်ဖို့ ပလဖ ကိုအပ်ထားတယ်” ဟု Area 71 PDF Monywa အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရရှိသူများအနက် ပျူစောထီးခေါင်းဆောင်အမျိုးသမီး ခိုင်ခင်ဦးသည် ကိုယ်တိုင် နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသယ်ဆောင်ခြင်းလုပ်ဆောင်ခဲ့ပြီး ကျန် အမျိုးသမီးနှစ်ဦးမှာလည်း ၎င်းတို့၏ ခင်ပွန်းဖြစ်သူများ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အသီး သီးဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article