33 C
Yangon

နေပြည်တော်နှင့် ရန်ကုန်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများတွင် တရုတ်နိုင်ငံထုတ် Jammer များ တပ်ဆင်နေပြီး စစ်တပ်နှင့် စစ်ဘက်ရုံးများတွင် Drone Guard Jammer များ တပ်ဆင်မည်

Must read

ရန်ကုန်၊ မေ ၁၀

ရန်ကုန်နှင့်နေပြည်တော် စစ်ကောင်စီဌာနဆိုင်ရာရုံးများတွင် တရုတ်နိုင်ငံထုတ် Jammer များ တပ်ဆင်နေပြီး စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့ရုံးများတွင် Drone Guard Jammer များ တပ်ဆင်ရန် ပြင်ဆင်နေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၄ ရက်နေ့ နေပြည်တော်တွင် ဒရုန်း ၂၉ စင်းဖြင့် တိုက်ခိုက်ခံမှုအပြီး ရန်ကုန်နှင့် နေပြည်တော်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများတွင် တရုတ်နိုင်ငံထုတ် Jammer များကို စီမံချက်ဖြင့် ဝယ်ယူတပ်ဆင်ခဲ့ကြောင်း၊ ယခုအခါ နေပြည်တော်နှင့် ရန်ကုန်ရှိ ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာ ရုံးများအားလုံးနီးပါးတွင် ဒရုန်းများကို ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် Jammer များ တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

“Jammer တွေအကုန် တပ်ဆင်ပြီးသွားပြီ။ နေပြည်တော်မှာက အရင်က တည်းက ဌာနဆိုင်ရာရုံးတွေ Jammer တွေ ရှိပြီးသားပေမယ့် တရုတ်ထုတ် Jammer အသစ်တွေ ထပ်ပြီး တိုးတပ်တယ်။ ရန်ကုန်မှာက အခုမှ တပ်ဆင်ပြီးစီးတာပါ။ Jammer တွေ ရှိပေမယ့် မီးပြတ်တာတွေ ရှိနေတော့ မီးပြတ်ရင် Jammer အလုပ်မလုပ်တာတွေရှိတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။

ထို့ပြင် စစ်ကောင်စီ၏ စစ်ဘက်ဆိုင်ရာရုံးများ၊ တိုင်းစစ်ဌာနချုပ်ရုံးများတွင် Drone Guard Jammer များ တပ်ဆင်ရန် လုပ်ဆောင်နေကြောင်း၊ အဓိကအားဖြင့် အကြမ်းဖက်ဒု စစ်ခေါင်းဆောင်စိုးဝင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရချိန်တွင် Drone Guard Jammer များ တပ်ဆင်ရန် စစ်ကောင်စီက စီမံချက်ချ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဓိကအားဖြင့် တရုတ်နိုင်ငံလုပ် Drone Guard Jammer များကို တပ်ဆင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၉ ရက်နေ့နှင့် ဧပြီလ ၁၀ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း ရှိနေစဉ် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပခုံး၊ လက်နှင့် အရိုးအကြောဆိုင်ရာ ဒဏ်ရာများရရှိခဲ့ပြီး ၁ လနီးပါးကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရုရှားခရီးစဉ်အတွင်း ဒရုန်း Gun ကို စမ်းသပ် ပစ်ခတ်ခဲ့တဲ့ မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရုရှားခရီးစဉ်အတွင်း ဒရုန်း Gun ကို စမ်းသပ် ပစ်ခတ်ခဲ့တဲ့ မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article