25 C
Yangon

မိုးမောက်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ကောင်စီ၏ နောက်ဆုံးခံတပ် ခမရ ၄၃၇ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေ

Must read

ရန်ကုန်၊ မေ ၁၀

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီ၏ နောက်ဆုံးခံတပ် ခမရ ၄၃၇ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက အပြင်းအထန် တိုက်ခိုက်နေကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ မြို့စောင့်တပ် ခမရ ၄၃၇ သည် မြို့၏ အပြင်ဘက်တွင် တည်ရှိပြီး လက်ရှိတွင် မိုးမောက်မြို့ထဲအပါအဝင် ရပ်ကွက်များကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း၊ မြို့ပြင်ရှိ ခမရ ၄၃၇ တပ်ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန် ခုခံနေကြောင်း သိရှိရသည်။

“မိုးမောက်မြို့ထဲမှာတော့ စစ်တပ်မရှိတော့ဘူး။ မြို့ပြင် ခမရ ၄၃၇ ထဲမှာ ဒီကောင်တွေ လက်နက်မချဘဲ ခုခံနေတယ်။ တိုက်လေယာဉ်တွေနဲ့လည်း ဗုံးတွေ ကျဲနေတာ တောက်လျှောက်ပဲ။ ခမရ ၄၃၇ ကို ပတ်ပတ်လည် ၀ိုင်းပြီး တိုက်နေတယ်။ ပြည်သူတွေအတွက် မင်္ဂလာသတင်း သိပ်မကြာခင် ကြားရပါလိမ့်မယ်” ဟု တော်လှန်ရေးမဟာမိတ်တပ်တွင် ပါဝင်တိုက်ခိုက်နေသော KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သော စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး မကြာမီ မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်သည့် အခြေအနေ ရောက်ရှိလာမည်ဖြစ်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article