33 C
Yangon

ကန့်ဘလူ၊ မလည်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေပြီး တိုက်ပွဲဖြစ်ပွား၊ မုံရွာမြို့နယ်၊ ပုရစ်ကုန်းတောင်ရွာနှင့် ကြေးမုံရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေပြီး အပြန်အလှန် ပစ်ခတ်သံများဖြင့် တိုက်ပွဲလည်းဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ ကန့်ဘလူမြို့နယ်၊ မလည်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထို့ပြင် မြေပြင်တွင်လည်း စစ်ကူ စစ်ကြောင်းများ စေလွှတ်ခဲ့ရာ နှစ်ဖက် အပြန်အလှန် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနောက် မလည်ကျေးရွာအနီးတွင် စစ်တပ်က စခန်းချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်မူ မလည်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး အပြန်အလှန် ပစ်ခတ်သံများလည်းကြားနေရကြောင်း သိရှိရသည်။

“မလည်ကျေးရွာကနေ မီးခိုးတွေ အူတက်နေတယ်။ ရွာကိုမီးရှို့နေတာ။ နောက်ပြီး တိုက်ပွဲတွေလည်းဖြစ်နေတယ်။ လက်နက်ကြီး လက်နက်ငယ်အသံတွေ တောက်လျှောက်ကြားနေရတယ်” ဟု စစ်ဘေးရှောင် ပြည်သူတစ်ဦးက ပြောဆိုသည်။

မေလ ၇ ရက်နေ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာရှိ အကြမ်းဖက်စစ်တပ်၏ အထိုင်စခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာတွင် စစ်တပ်ဘက်က အထိနာ၍ လေကြောင်းပစ်ခတ်မှုများ ၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ မလည်တိုက်နယ်မှ ရွာ ၁၀ ရွာခန့်ရှိ ပြည်သူ ၃၀၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို့အတူ ယမန်နေ့ မေလ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ပုရစ်ကုန်းတောင်ရွာနှင့် ကြေးမုံရွာရှိ လူနေအိမ်များကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက် ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စစ်ကောင်စီတပ်က ပုရစ်ကုန်းတောင်ရွာမှ နေအိမ် ၂၀ နှင့် ကြေးမုံရွာမှ လူနေ အိမ် ၁၀ လုံးကျော်ကိုမီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရွာများကိုစစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article