33 C
Yangon

ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေ

Must read

ရေနံချောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော် တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးသွား

ရန်ကုန်၊ မေ ၁၀

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ သာလူးကန်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်ကို စစ်တပ်က အကြောင်း ပြချက်မရှိ၊ အပြစ်တစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့ ရေနံချောင်းမြို့နယ်၊ ကမ္မကျေးရွာအုပ်စု ၊သာလူးကန်ရွာမှ အသက် ၂၀ နှစ်အရွယ် မောင်ဖိုးချစ်သည် နာရေးရက်လည်တစ်ခုသို့သွားရောက်ပြီး အပြန် ကြည့်မြင်ရွာထိပ်အနီးတွင် စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ မည်သည့် ပြစ်မှုမှ ကျူးလွန်ခြင်းမရှိဘဲ စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ မူလက စစ်တပ်က
မောင်ဖိုးချစ်ကို ပြန်လည် လွှတ်ပေးလိုပါက ငွေကျပ် သိန်း ၅၀ ပေးရမည်ဟု တောင်းခံကြောင်း၊ ယင်းနောက် ရွှေဘုံသာဘောလုံးကွင်းတွင် မောင်ဖိုးချစ်ကို စစ်တပ်က ဖမ်းဆီးထားခဲ့ကြောင်း ၊ ထို့နောက် မေလ ၉ ရက်နေ့မှစတင်ပြီး စစ်တပ်က ဖမ်းဆီးထားသော မောင်ဖိုးချစ်ကို မိသားစုက ဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးသွားကြောင်း သိရှိရသည်။

“နာရေး ရက်လည်က အပြန် ကြည့်မြင်ရွာထိပ်နား စစ်တပ်ကဖမ်းဆီးသွားတာ။ ပထမတော့ စစ်တပ်က သိန်း ၅၀တောင်းတယ်။ နောက်တော့ မောင်ဖိုးချစ်က တောင်ကြီးရောက်နေပြီ မကွေးရောက်နေပြီနေပြည် တော် ရောက်နေပြီလို့ဆိုပြီး စစ်တပ်က မိသားစုဝင်တွေကို ပြောလွှတ်တယ်။ အခုတော့ အဆက် အသွယ်မရတော့ပါဘူး။ မောင်ဖိုးချစ်ရဲ့ မိဘတွေက ဦးညိုဝင်းနဲ့ ဒေါ်မှုံစီတို့ဖြစ်ပါတယ်” ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောဆိုသည်။

မေလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်အချိန် ရေနံချောင်းမြို့နယ်တွင် အကြမ်း ဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် ဖမ်းဆီးထားသော လူငယ် ၄၀ ကျော်ကို ဖမ်းဆီးထားရာ ရွှေဘုံသာဘောလုံးကွင်းမှတစ်ဆင့် မိသားစုဝင်များကို အသိမပေး အကြောင်းမကြားဘဲ စစ်ကား အကြီး ၃ စီး၊ အသေး ၄ စီးဖြင့် ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article