28 C
Yangon

မုံရွာမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ခဲယမ်း ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့သော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

Must read

မုံရွာမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ခဲယမ်း ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့သော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များ၏ ခဲယမ်း ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်းခဲ့သေ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Tiger Brothers People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် ညောင်ဖြူပင်ရွာရှိ အကြမ်းဖက် စစ်တပ်စခန်းမှ ထွက်လာသော စစ်သားနှင့် ရဲများသည် Tiger Brothers People’s Defence Force တပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ဖြစ်သော 5/ Fighter Group ၏ ထုပ်လုပ်ရေး စခန်းကို နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ၏ ထုပ်လုပ်ရေး စခန်းကို ဝင်ရောက် စီးနင်းပြီး ညောင်ဖြူပင်ရွာကို ပြန်လာစဉ် နံနက် ၁၁ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး ၄ ကောင်သေပြီး ၁ ကောင်ဒဏ်ရာရတယ်။ ကျန်တော်တို့ တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Tiger Brothers People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်းအမှတ် ၂၃ တပ်ခွဲ ၂ (Tiger Brothers People’s Defence Force) တပ်ခွဲ ( ၁ / ၃ / ၄ / ၅ ) နှင့် မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော မုံရွာခရိုင်တပ်ရင်း အမှတ် (၂၅ /၂၈) ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃ / ၄ / ၅) ဗျူဟာ အမှတ် ၄၈. တပ်ရင်း ( ၃ ) တပ်ခွဲ (၃) D.O.M.F ၊ 5/ Fighter Grop ၊ Dragon Brothers တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article