28 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မန္တလေးတိုင်း မတ္တရာမြို့၊ တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ် စခန်းကို မန္တလေး-PDF က ဒီကနေ့ မနက်ပိုင်းကပဲ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၊ စစ်တပ်ဘက်က ဗိုလ်ကြီး ချစ်ခိုင်ဆိုသူအပါအဝင် ၁၂ ဦးကတော့ အသီးသီး သေသွားတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်းက တောင်ငူလေတပ်ကို ဒီကနေ့ မနက်ပိုင်းကပဲ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ပြီးတော့ ရှော့တိုက်ဒုံးပစ်တဲ့သူတွေနဲ့ နေရာတွေကို ရဟတ်ယာဉ်နဲ့ပါ လိုက်ရှာနေတယ်လို့ စစ်တပ်သတင်းရင်းမြစ် နဲ့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
  • မကွေးတိုင်း အောင်လံမြို့မှာရှိတဲ့ တရော်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အောင်က စစ်မှုမထမ်းချင်တဲ့ လူငယ်တွေကိုကို နိုင်ငံကနေထွက်သွားဖို့ နဲ့ နိုင်ငံရဲ့ လေကိုတောင် မရှုနဲ့ဆိုပြီး ခြမ်းခြောက်ပြောဆိုပြီးတော့ ငွေကြေးကောက်ခံနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article