အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၁၀
အဓမ္မ မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မေ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “အဆုံးအဖြတ်ပွဲမို့ သုံးသပ်နေစရာမလိုဘူး ရုန်းထွက်နိုင်ဖို့ အဆုံးထိတော်လှန်ကြ” စာတန်းကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။


