25 C
Yangon

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံး

Must read

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန် ၊ မေ ၁၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ် ၂ စီး ၊ ဂျက်ဖိုက်တာ ၁ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘောများဖြင့် လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၃ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကနက်သီရိကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး အလုံး ၂၀ ခန့် ကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ၃ ဦးမှာ အသက် ၄၀ ကျော်အရွယ် ဦးနောင်ဂေါ၊ အသက် ၄၀ အရွယ် ဦးနိုင်ကြီး နှင့် အသက် ၄၅ နှစ်ဝန်းကျင် အရွယ် ဦးညီဦးတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကနက်သီရိကျေးရွာကို မေလ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အသက် ၁၆ နှစ်အရွယ် ကလေး ၂ ဦး သေဆုံးခဲ့ရကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article