25 C
Yangon

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်တပ်က ထောင်ဒဏ် ၂၄ နှစ် ထမ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ်နှစ် ၇၀ ချမှတ်ခံထားရ

Must read

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်တပ်က ထောင်ဒဏ် ၂၄ နှစ် ထမ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ်နှစ် ၇၀ ချမှတ်ခံထားရ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း မုံရွာမြို့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်အုပ်စုက မေလ ၁၀ ရက်နေ့မှာ ထောင်ဒဏ်( ၂၄ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။

မုံရွာအကျဉ်းထောင်တွင်းမှာ အကျဉ်းကျခံနေရ တဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်အုပ်စုက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂) /၁၄၉အရ ထောင်ဒဏ် အနှစ် ၂၀ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅အရ ထောင်ဒဏ် ၂ နှစ် ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ကို သီးခြားစီကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်တယ် လို့ သိရပါတယ်။

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ အများအပြားနဲ့ထောင်ဒဏ်(၄၆)နှစ် ချမှတ်ထားပြီး ဒီကနေ့ ထပ်မံချမှတ်လိုက်တဲ့ထောင်ဒဏ် ၂၄ နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။

ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ မုံရွာမြို့ သာစည်လမ်း၊ရွှေဂူကျောင်းအနီး စစ်တပ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြသပိတ်ထွက်စဉ် စစ်တပ်က ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article