25 C
Yangon

တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာ

Must read

တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာ

ရန်ကုန်၊ မေ ၁၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာသည်။

မေလ ၇ ရက်နေ့ နံနက် ၅ နာရီမှ မေလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအထိ တမူးမြို့နယ်၊ မြို့သစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်အပါအဝင် ရဲ ၂၁ ဦး အလံဖြူပြ လက်နက်ချအညံ့ခံခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးနှင့် ဒဏ်ရာရစာရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ် ၂၉ လက် အပါအဝင် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

တမူးမြို့နယ်၊ မြို့သစ်မြို့တွင် အခြေပြုနေသော အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ ခန့်ကို အမှတ် ၁ စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေး တပ်တော် (NLA) တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(တမူး-ပကဖ)က ထောက်ပံ့ပို့ဆောင်ရေး အနေဖြင့် ပါဝင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article