25 C
Yangon

သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးသေဆုံး၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦးသေဆုံး၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့်ကလေးငယ် ၁ ဦးသေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားပါသည်။

မေလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် သံတောင်ကြီးမြို့နယ် ကလေ့လို အရှေ့ဘက်ခြမ်း ဒေသရှိ ဘဲခလေးခိုကျေးရွာနှင့် သေ့ခူဒဲ ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဘဲခလေးခိုကျေးရွာအတွင်း လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကလေးငယ် ၁ ဦး သေဆုံးကာ ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေ့ခူဒဲကျေးရွာအတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ကျေးရွာအတွင်းရှိ ဘုရားကျောင်းနှင့် အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ နဘူးမြို့နယ်၊ စောဟဲကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

နဘူးမြို့နယ်ရှိ စောဟဲကျေးရွာ အတွင်းကို အကြမ်းဖက် စစ်တပ်၏ ခမရ−၉၇ နှင့် ခလရ−၂၃၀ တပ်ရင်းမှ စစ်သားများက မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ရာ ကာလ တန်ဖိုး ငွေကျပ် ၁၁၈၉ သိန်း ခန့် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် စောဟဲကျေးရွာ အတွင်းရှိ ဦးကျီဝေ့ဝေါ်၏ နေအိမ်၊ ဆိုင်ကယ်၊ စတီး နှင့် ပရိဘောဂ ၊ ဦးတပ်ကမွီး၏ ဒိုင်နမို၊ ထွန်စက်၊ တိုက်သား ၅ တန်၊ ပရိဘောဂ နှင့် နေအိမ်၊ ဦးတင်လှ၏ နေအိမ်၊ စက်ဘီး ၃ စီး၊ ဆိုင်ကယ်၊ ပရိဘောဂ နှင့် ဆေးဝါးပစ္စည်းများ၊ ဒေါ်သန်းရင်၏ နေအိမ် နှင့် အိမ်အသုံးအဆောင်ပစ္စည်း ၊ ဒေါ်မြသိမ်း၏ နေအိမ်၊ ဦးအက်ထူး၏ စက်ဘီး ၂ စီး၊ ဆိုင်ကယ်၊ အိမ်အသုံးအဆောင်ပစ္စည်း၊ စပါးကျီ၊ တစ်လုံးထိုးဆန်ကြိတ်စက်၊ စပါးတင်း ၂၀၊ နှင့် နေအိမ် ဦးရွှေကျေး၏ နေအိမ်၊ စက်ဘီး ၁ စီး၊ ဆိုင်ကယ်၊ စတီး၊ စပါးကျီ နှင့် စပါးတင်း ၅၀၊ ဦးစိုးမင်းအောင်၏ နေအိမ် နှင့် ပရိဘောဂတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အကြမ်းဖက် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများ နေ့စဉ် ကျူးလွန်လျှက်ရှိသောကြောင့် ကော်သူးလေအုပ် ချုပ်နယ် မြေအတွင်းနေထိုင်သော ပြည်သူများ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ရုပ်ပိုင်းဆိုင်ရာ မလုံ ခြုံမှုများ ခံစားနေရကာ ပြည်သူလူထုအမြောက်အများမှာလည်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင်နေကြရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article