25 C
Yangon

ဘုရားသုံးဆူသို့ စစ်တပ်ဘက်မှ စစ်ကား ၃ စီးဖြင့် အင်အားတိုးချဲ့လာ၍ စစ်ရေးတင်းမာနေ၊ BGFနှင့် KNLA ထိတွေ့မှုတွင် BGF ဘက်မှ အရေးပါသူ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

Must read

ဘုရားသုံးဆူသို့ စစ်တပ်ဘက်မှ စစ်ကား ၃ စီးဖြင့် အင်အားတိုးချဲ့လာ၍ စစ်ရေးတင်းမာနေ၊ BGFနှင့် KNLA ထိတွေ့မှုတွင် BGF ဘက်မှ အရေးပါသူ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့သို့ စစ်တပ်ဘက်မှ စစ်ကား ၃ စီးဖြင့် အင်အားတိုးချဲ့လာ၍ စစ်ရေး တင်းမာနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် ဘုရားသုံးဆူမြို့နယ်တွင် ဗုံးပေါက်ကွဲသံများ ၊ လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့ကြောင်း ၊ BGF တပ်ဖွဲ့ဝင်တချို့နှင့် KNLA တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုအတွင်း BGF ဘက်မှ အရေးပါသူ ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနောက် မေလ ၁၁ ရက်နေ့နှင့် မေလ ၁၂ ရက်နေ့တို့တွင် စစ်တပ်ဘက်မှ စစ်အင်အားတိုးချဲ့လာကြောင်း သိရှိရသည်။

“အခု စစ်တပ်က ဘုရားသုံးဆူဘက်ကို စစ်ကား ၃ စီးနဲ့ အင်အားတိုးချဲ့လာတယ်။ အဲဒီတော့ စစ်ရေးတင်းမာနေတယ်။ အချိန် မရွေးတိုက်ပွဲဖြစ်ပွားသွားနိုင်တယ်။ စစ်ဆိုင်ထားသလိုဖြစ်နေပြီ။ တပ်ဘက်ကလည်း သူတို့နဲ့ မဆိုင်တဲ့ နေရာတွေကို ဝင်ချလာတာ” ဟု စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဘုရားသုံးဆူမြို့တွင် ကရင်၊ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် စစ်တပ်နှင့် BGF တို့ကလည်း လှုပ်ရှားသွားလာနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- မေလ ၁၀ ရက်နေ့ ဘုရားသုံးဆူတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အပျက်အစီးများနှင့် ထိုင်းဘက်က လုံခြုံရေး တင်းကျပ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article