25 C
Yangon

သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ မေ ၁၃

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကြာညှပ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း Thabeikkyin Revoluation – TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၂ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲများ စတင်ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကြာညှပ်ကျေးရွာ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

“၁၂ ရက်နေ့ နဲ့ ၁၃ ရက်နေ့က မီးရှို့တာ တိုက်ပွဲလည်း ဖြစ်တယ်။ မနေ့ကကော ဒီနေ့ကော တိုက်ပွဲတွေဖြစ်နေတယ်။ စစ်ခွေးတွေဘက်က ထိခိုက်မှုရှိမရှိဆိုတာတော့ မသိရသေးဘူး” ဟု Thabeikkyin Revoluation – TR မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် ကြာညှပ်ကျေးရွာရှိ ပြည်သူများများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ကြာညှပ်ရွာသည် နေအိမ် ၇၀၀ ဝန်းကျင်ခန့်ရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article