25 C
Yangon

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာ ၂၇ ဦးကို ထိုင်းလ၀ကက ရှာဖွေဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၁၄

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၂၇ ဦးကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။

ချင်းမိုင်မြို့ထဲရှိ ချန်ကလန်နှင့် မြို့ထဲနေရာအချို့ကို ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် နေထိုင်ခွင့် အထောက်အထားမရှိဘဲ နေထိုင်နေသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များက ရာဇဝတ်မှုစုံစမ်းနှိမ်နင်းရေးနှင့် တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို စုံစမ်းစစ်ဆေးရေး စီမံချက်ဖြင့် မြန်မာနိုင်ငံသားများ နေထိုင်နေသော တိုက်ခန်းများထဲအထိ ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မေလ ၁၃ ရက်က ရွှေ့ပြောင်းအလုပ်သမားအများစု နေထိုင်သော နေရာ ၆ နေရာကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၂၇ ဦးအထိ ဖမ်းဆီးခံလိုက်ရသည်။

ဖမ်းဆီးခံရသူများကို ချင်းမိုင်ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် လူငယ်အများအပြား ထိုင်းကို ဝင်ရောက်လာနေချိန် ထိုင်းအာဏာပိုင် များကလည်း နေအိမ်၊ တိုက်ခန်း၊ အလုပ်ခွင်၊ စက်ရုံများအထဲထိ ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖမ်းဆီးမှုများ ဆက်တိုက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။

ဧပြီလ ၂၅ ရက်နေ့ကလည်း ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသေးသည်။

ဧပြီလ ၂၄ ရက်နေ့ကလည်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမား သုံးဦး ဖမ်းဆီးခံခဲ့ရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article