27 C
Yangon

သံတွဲမြို့နယ်၊ လင်းသီရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ပြင်းထန်နေ

Must read

သံတွဲမြို့နယ်၊ လင်းသီရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံး၊ ယနေ့ နံနက်အစောပိုင်း တိုက်ပွဲများ ပြင်းထန်နေ

ရန်ကုန်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီရွာကို အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် သံတွဲမြို့နယ်၊ လင်းသီရွာကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မနေ့က ညနေပိုင်းက လင်းသီရွာကို စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေလည်း များတယ်။ ဒဏ်ရာရတဲ့ သူတွေကို ဆင်ခေါင်းဘက်က တဆင့် ရေလမ်းက သယ်သွားတယ်လို့ သိရတယ်။ အခုဖြစ်တဲ့ နေရာက စစ်တပ် တပ်စွဲထားတဲ့ ဘက်အခြမ်းမဟုတ်ဘူး။ အလယ်ဘက်နဲ့ ရဲစခန်းအနီးအခြမ်းမှာဖြစ်တာ ရွာအလယ်ပိုင်းမှာ ၂ ယောက်သေတယ်။ ရဲစခန်းနားမှာ ကလေး ၂ ယောက်နဲ့ လူကြီး ၃ ယောက်သေတယ်။ ဆေးရုံမှာ ၂ ယောက်ထပ်သေတယ်။ ထပ်သိရတာက အဖွားအို ၁ ဦးလည်း ကျည်စမှန်ပြီး ဆုံးပြီလို့ သိရတယ်။ အားလုံးပေါင်း သေဆုံးသူ ၁၀ ဦး ရှိပြီ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယနေ့ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့နယ်၊ လင်းသီကျေးရွာအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီက ဒရုန်းများ၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် လင်းသီကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ရခိုင်ပြည်သူတစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article