26 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မကွေးတိုင်း အောင်လံမြို့မှာ စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူငယ်အယောက် ၂ ရာနီးပါးကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားပြီး ၊ အဲ့ဒီ့ထဲမှာ လွယ်အိတ်စလွယ်သိုင်းလွယ်တဲ့သူတွေ မှတ်ပုံတင်မပြနိုင်သူနဲ့ ဆိုင်ကယ် ဦးထုပ်မဆောင်းတဲ့သူတွေပါ စစ်သားသစ်အဖြစ် စုဆောင်း ခံလိုက်ရတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က စစ်သားအဖြစ် အတင်းအဓမ္မ ဖမ်းဆီးထားတဲ့ လူငယ်တွေကို လာခေါ်တဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ဖျက်အား ပြင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ ရဲ ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ရဲမေ ၁ ဦးပါ ဒဏ်ရာ ရသွားတယ်လို့ ရွာငံမြို့နယ် – ပကဖ တာဝန်ခံက ရန်ကုန်ခေတ် သစ်ကို ပြောပါတယ်။
  • ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့က နှင်းဆီရွှေဆိုင်ကို ဓားပြတိုက်သွားတဲ့ တရားခံ ၃ ဦးကို ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article