25 C
Yangon

မြင်းခြံ -တံတားဦး လမ်းပိုင်းကို အသုံးပြု၍ စစ်တပ်က လူအင်အားဖြည့် တင်းနေ၍ ပြည်သူများ ညအချိန် သွားလာခြင်းမပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များ အသိပေး

Must read

မြင်းခြံ -တံတားဦး လမ်းပိုင်းကို အသုံးပြု၍ စစ်တပ်က လူအင်အားဖြည့် တင်းနေ၍ ပြည်သူများ ညအချိန် သွားလာခြင်းမပြုလုပ်ရန် တော်လှန်ရေး တပ်ဖွဲ့များ အသိပေး

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ မြင်းခြံ -တံတားဦး လမ်းပိုင်းကို ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ဖြတ်သန်းသွားခြင်းမပြုကြရန် နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံမှ တဆင့်‌ အသိ‌ပေး မေတ္တာရပ်ခံ ပြောကြားသည်။

ယခုကာလသည် အကြမ်းဖက်စစ်သားများက စစ်ကြောင်းထိုးခြင်း၊ ယာဉ်ကြီး၊ ယာဉ်ငယ်များဖြင့် အင်အားဖြည့်တင်းခြင်း၊ ဖြတ်သန်းသွားလာခြင်းများပြုလုပ်လျက်ရှိသဖြင့် အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်မှုပြုလုပ် သွားမည်ဖြစ်သဖြင့် မိဘပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရန် ထုတ်ပြန်ရခြင်း ဖြစ်ပြီး လိုက်နာပေးကြပါရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ခွေးကားတွေက ခြေရှုတ်နေတာ။ ဟိုတနေ့ကလည်း ပွိုင့်ဆွဲမယ်လုပ်တော့‌ ခွေးကားက တော့ခွေးကားပဲ။ ပြည်သူကားနဲ့ မကွဲလို့ဆိုပြီး လွှတ်ပေးလိုက်ရတာ၊ အဲလိုမျိုးတွေရှောင်ပေးရပေါင်း က များလာပြီ။ ကျနော်တို့အတွက် နစ်နာတယ်။ အဲဒါကြောင့် ည ၉ နာရီကနေ မနက် ၄ နာရီအထိ ဖြတ်သန်းသွားလာကြဖို့ မလုပ်ဖို့ မေတ္တာရပ်ခံရတာပါ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကား၊ ရဲကားများနှင့် အနီးကပ်လိုက်ပါခြင်း မပြုကြရန်၊ အကြမ်းဖက်စစ်သား၊ ရဲများနှင့် နီးနီးကပ်ကပ်နေထိုင်ခြင်းမပြုကြရန်နှင့် ထုတ်ပြန်ထားသည့် စည်း ကမ်းချက်များကို လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို တာဝန် ယူမည်မဟုတ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article