25 C
Yangon

တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၆

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တနိုင်းမြို့နယ် နမ့်ဗျူ ရွာရှိ ခလရ ၂၉၇ နှင့် ခလရ ၂၆၀ ၏ ရှေ့တန်းစခန်းကြီးကို အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့ကတည်းက ယင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နားလိုက်၊ တိုက်လိုက် ပုံစံဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်စခန်းကတော့ တပ်နှစ်ခုပေါင်းထားတဲ့ တပ်စခန်းကြီးလို့ပြောရမယ်။ လက်နက်တွေတော့အများကြီးရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ တိုက်လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ စစ်တပ်ဘက်က သေဆုံးမှု အခြေအနေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အတိအကျ မသိရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော KIA ၏ စစ်ဆင်ရေးများအတွင် စစ်ကောင်စီတပ်စခန်း ၉၀ ဝန်းကျင်ကို သိမ်းပိုက်ရရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article