27 C
Yangon

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ စစ်တပ်၏ အမုန်းတရားဖြင့် ခေါင်းမာမှုကြောင့် ပိုမိုပျက်စီးလာခြင်း

Must read

မြန်မာပြည်အနာဂတ် မှန်းဆချက် ၄ ခုအနက်မှ စစ်တပ်၏ အမုန်းတရားဖြင့် ခေါင်းမာမှုကြောင့် ပိုမိုပျက်စီးလာခြင်း

By Igor Blazevic

နိုင်ငံတစ်ခုလုံးရဲ့ နယ်စပ်မျဉ်းနားတဝိုက် ဒေသတွေမှာ လက်လွှတ်ဆုံးရှုံးလိုက်ရတာတွေများလာပေမယ့် မြန်မာစစ်တပ်ဟာ အလယ်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ခြေကုတ်ကို ခိုင်ခိုင်မာမာယူထားနိုင်ပြီး အာဏာကို အခိုင် အမာ ကာကွယ်ထားနိုင်တဲ့ အနေအထားမျိုးလည်းဖြစ်နိုင်ပါတယ်။

စကစဟာ EROs တွေရဲ့ လက်အောက်မှာ အနည်းနဲ့ အများရှိနေတဲ့ ပြည်နယ်တွေကို ခွာပြီး သူ့ရှိတဲ့အရင်းအမြစ်တွေကို စတုရန်းပုံ ပြည်မနယ်မြေကို ကာကွယ်ဖို့ ပုံအောတာမျိုးလည်းဖြစ်နိုင်ပါတယ်။

လက်နက်လူသူ အင်အားတွေ၊ တပ်မတော်ကို အသက်စွန့်ပြီးခုခံမယ်ဆိုတဲ့ တပ် ရင်းတွေနဲ့ ပြည်သူ့စစ်တွေ၊ အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်သားတွေ၊ လက် နက်ကြီးတွေ၊ ရိက္ခာတွေ၊ ငွေကြေးနဲ့ အစွန်းရောက်ဗုဒ္ဓဘာသာ အင်အားစုတွေကို စုဆောင်းပြီး ဒီမြန်မာနိုင်ငံအလယ်ပိုင်းက မုံရွာ၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင် ကြီးကနေ စလို့ ပုဂံ၊ မိတ္ထီလာ၊ မကွေး၊ နေပြည်တော်အလယ်၊ တောင်ဘက်ကို ဆင်းရင် ပြည်၊ ပဲခူး၊ ပုသိမ်၊ ရန်ကုန်နဲ့ မော်လမြိုင်တို့အထိလောက်ကို ထိန်းထားနိုင်တဲ့အနေအထားပါ။

အရင်ကထက် နယ်မြေပိုနည်းသွားသော်လည်း သူတို့အတွက်လုံလောက်ပြီး မြန်မာပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က အဲဒီနယ်မြေတွေမှာနေထိုင်ကြပါတယ်။ ဒီစတုရန်းနယ်မြေမှာ မြို့တော်ကြီးတွေနဲ့ နိုင်ငံရေးအရ အချက် အချာ (နေပြည်တော်)နဲ့ စီးပွားရေး အချက်အချာ (ရန်ကုန်)၊ အဓိက လေယာဉ်ကွင်းကြီး တွေနဲ့ ဆိပ်ကမ်းတွေ၊ နိုင်ငံတော်ရဲ့ အဆောင်အယောင်တွေဖြစ်တဲ့ ဗဟိုဘဏ်၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းနိုင်တဲ့ ဗဟိုချက်တွေ၊ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာထုတ်ပေးရတဲ့ လုပ်ငန်းတွေ၊ နိုင်ငံခြားသံရုံးတွေ ရှိနေကြဦးမှာပဲ။

တော်လှန်ရေးဘက်ကလည်း ဆက်လက်ပြီး ထိုးစစ်တွေဆင်ပေမယ့် ဒီလို အခိုင် အမာ ခြေကုတ်ယူထားတဲ့တပ်ကို မဖြိုနိုင်ဘဲ အဆုံးအရှုံးများစွာနဲ့ ရင် ဆိုင်ရနိုင်တယ်။ ဒီဗဟိုချက်နယ်မြေဟာ ခံတပ်အသစ်သဖွယ် အသုံးဝင်တာမို့ စစ်တပ်ဟာ လွတ်မြောက်နယ်မြေသစ်တွေထဲမှာ နေထိုင်တဲ့ အရပ်သားနဲ့ အရပ် သားပိုင် အခြေခံအဆောက်အဦတွေကို ဆက်လက်ပြီး ဖျက်ဆီးသွားနိုင်မှာ ဖြစ်ပါတယ်။

စစ်တပ်ဟာ ရည်ရွယ်ချက်ရှိရှိ ဒီလို ရက်စက်မှုတွေကို ကျူးလွန်နိုင်ကြပြီး ဒီနယ်မြေတွေကို မီးရှို့တာ၊ ရွာတွေနဲ့ ပြည်သူတွေရဲ့ အသက်မွေး ဝမ်း ကျောင်းလုပ်ငန်းတွေကို ဖျက်ဆီးတာ၊ မြို့ကြီးတွေကို တစ်ခုလုံးဖြိုချတာ၊ လူတွေရဲ့ စားဝတ်နေရေး အတိဒုက္ခ ရောက်စေတာတွေ တိုးမြင့်အောင် လုပ်လာနိုင်ပါတယ်။

နိုင်ငံရဲ့ အစိတ်အပိုင်းများစွာကတော့ စစ်တပ်က မထိန်းချုပ်နိုင်တော့ပေမယ့် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဆက်လက်ပြီးရင်ဆိုင်နေရတာမျိုးဖြစ်နိုင်ပါတယ်။ တော်လှန်ရေးတပ်တွေဘက်က မကွေး၊ မန္တလေးနဲ့ ပဲခူးလိုနေရာမျိုးကို ထိုးစစ်ဆင်လိုက်တိုင်းမှာ စစ်တပ်က သူတို့အပေါ် ဒီလို လက်တုံ့ပြန်ပြီး ဆုံးရှုံးမှုတွေ အများကြီးဖြစ်အောင်လုပ်နေနိုင်တဲ့ အနေအထားမို့ ရမ်းကားတဲ့ဒဏ်က ကြီးမားနိုင်ပါတယ်။

တော်လှန်ရေးတပ်တွေက အဲဒီနေရာတွေမှာ ခြေကုတ်ရဖို့ ကြိုးစားတာနဲ့ တပြိုင် နက် မြေလှန်ရှင်းပစ်ဖို့ ချက်ချင်းတပ်က ရက်ရက်စက်စက် ချေမှုန်းဖို့ သာလွန်အင်အားတွေ သုံးတဲ့ နည်းဗျူဟာမျိုးနဲ့ ဆောင်ရွက်လာနိုင်ပါတယ်။

စစ်ကိုင်းလိုနေရာမျိုးက တော်လှန်ရေးတပ်တွေ ပိုပြီး စနစ်တကျ နယ်မြေစိုးမိုးလာနိုင်မှာ အုပ်ချုပ်ရေးကို အသက်သွင်း လာနိုင်မှာကို စိုးရိမ်တာကြောင့် ဒီလိုစနစ်တကျ တုံ့ပြန်ချေမှုန်းမှုမျိုးတွေကို ဦးစားပေးလုပ်နိုင်တဲ့ အနေအထားမှာရှိပါတယ်။

လွတ်မြောက်ထားတဲ့ နယ်မြေတွေမှာလည်း လူတွေရဲ့ အတိဒုက္ခကြောင့် အရေးပေါ်ကြုံနေရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အများကြီး ဝန်ပိနေနိုင်ပါတယ်။ စစ်တပ်ရဲ့ လက်အောက်မှာ ဆက်ရှိနေတဲ့ မြို့ကြီးတွေနဲ့ စတုရန်းနယ်မြေရဲ့ အပြင် ဘက်မှာ ရှိနေတဲ့ မြို့ကြီးတွေဟာလည်း ဟားခါး၊ မြစ်ကြီးနား၊ လားရှိုး၊ ထားဝယ် အစရှိတဲ့ မြို့တွေမှာလည်း စစ်တပ်အထိုင်ဆက်ပြီး ချထားနိုင်ပါတယ်။

လွတ်မြောက်သွားတဲ့ လူမျိုးစုနယ်မြေတွေမှာလည်း စစ်တပ်က အပစ်အခတ်ရပ်စဲရေးအစီအစဉ်တွေကို လိုက်လျောရင် တစ်မျိုး မလိုက်လျောရင်တစ်မျိုး ဆုပေး ဒဏ်ပေးစနစ်တွေ ကျင့်သုံးမြဲ ကျင့်သုံးလာ နိုင်ပါတယ်။ မကျေနပ်တာနဲ့ ဗုံးလာကျဲ တဲ့အခါ ရပ်ရွာတွေ၊ မြို့တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ ပွဲတော်တွေနဲ့ ပြည်သူတွေရဲ့ စုဝေးရာအရပ်တွေကို ဘယ်အချိန်ဗုံးကျဲလာမယ် ဆိုတာ မမှန်း ဆနိုင်ဘဲ ခံလာရနိုင်ပါတယ်။

ဒီအခြေအနေမှာ နှစ်ဘက်စလုံးဘယ်ဘက်ကမှ မလျှော့ဘဲ ဖြစ်နေနိုင်ပါတယ်။ စစ်တပ်ကလည်း သူတို့ အသစ် ထပ်တိုးထားတဲ့ ကာကွယ်ရေးအစီအမံတွေအားကိုးနဲ့ ဆက်လက်တိုက်ခိုက်နေပြီး မြို့ကြီး တွေကို လူသားဒိုင်းအဖြစ် သုံးတာတွေ ဖြစ်လာနိုင်ပါတယ်။ စစ်တပ်က နယ်မြေတွေ အဆုံးရှုံးခံပြီး အသစ်တည်ထားရတဲ့ ကာကွယ်ရေးအစီအမံတွေကို သုံးလို့ အသစ်တဖန်လွှမ်းမိုးဖို့ ကြိုးစားလာတာကို လက်မြှောက်အရှုံးပေးဖို့ တော်လှန်ရေးဘက်ကလည်း ဘယ်လိုမှ အဆင်သင့်မဖြစ်ပါဘူး။

ဒီအခြေအနေမှာ မြန်မာပြည်ဟာ အပျက်အစီးတွေ၊ နာကျင်ရခြင်းတွေနဲ့သာ တစ်ကျော့ပြီးတစ်ကျေ့ာ ပိတ်မိနေနိုင်ပါတယ်။ ဘယ်သူကမှလည်း မနိုင်ဘဲ အားလုံးအရှုံးနဲ့ချည်းရင်ဆိုင်ကြရမှာပါ။

ဓာတ်ပုံ- ၁၀၂၇ စစ်ဆင်ရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်ရင်းတစ်ခုကို ညီနောင်မဟာမိတ် တပ်ဖွဲ့ သိမ်းပိုက်စဉ် ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article