ရေစကြိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လူထုနိုင်ငံရေး ဟောပြောပွဲပြုလုပ်
ရန်ကုန်၊မေ ၁၆
ရေစကြိုမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက တော်လှန်ရုပ်ရှင်ပြပွဲနှင့်အတူ လူထုနိုင်ငံရေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါလူထုနိုင်ငံရေးဟောပြောပွဲတွင် ပြည်သူများကို တော်လှန်ရေးနှင့် ပတ်သက်သော သပိတ်တရားများကို ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့်အတူ ရေစကြိုမြို့နယ် ပ.က.ဖ တို့က ဟောပြောခဲ့ကြကြောင်း သိရှိရသည်။