25 C
Yangon

လပွတ္တာမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စာရေး ၁ ဦးသေဆုံး

Must read

လပွတ္တာမြို့တွင် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်မှု စာရေး ၁ ဦးသေဆုံး

■ စစ်တပ်က လပွတ္တာမြို့တွင် မာရှယ်လော ထုတ်ပြန်ထားပြီး ပိတ်ဆို့ စစ်ဆေးမှုများ ဆက်တိုက် လုပ်ဆောင်နေ

ရန်ကုန်၊ မေ ၁၆

ဧရာဝတီတိုင်း၊ လပွတ္တာမြို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှု လုပ်ဆောင်နေသော ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲ တိုက်ခိုက်ရာ စာရေး ၁ ဦးသေဆုံးခဲ့ကြောင်း Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့ က ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဧည့်စာရင်းရေးသည့် စာရေး ၁ ဦး သေဆုံးကာ ညစောင့် ၁ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖောက်ခွဲ တိုက်ခိုက်ရခြင်းသည် အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရုံးဝန်ထမ်း စာရေးများသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများထံမှ ခြိမ်းခြောက် ငွေကြေးတောင်းရမ်းမှုပိုမို လုပ်ဆောင်လာခြင်း၊ စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများနှင့် မတရား စစ်မှုထမ်းဥပဒေ တို့ကို ဖော်ဆောင်ရန် လုပ်ဆောင်နေခြင်းတို့ကြောင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ညက လပွတ္တာမြို့ အမှတ် ၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူးကလည်း ရုံးအပေါ်ထပ်မှာ ရှိနေတယ်လို့ သတင်းရခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ အုပ်ချုပ်ရေးမှူးက အခုနောက်ပိုင်း ပိုပြီး ငွေအတောင်း ကြမ်းတာမျိုးတွေပါ ရှိလာတယ် လို့လည်း သိရပါတယ်။ အခုနောက်ဆုံး သိရတာတော့ ဧည့်စာရင်းရေးတဲ့ စာရေး ၁ ဦး သေဆုံးပြီ လို့လည်း ပြောလာပါတယ်။ နောက်ပြီး မြို့ကို စစ်ခွေးတွေက အခု မာရှယ်လော မနက် ၆ ည ၆ ထုတ်ပြန်ထားတယ်ပြီး အကုန် ပိတ်ပြီး စစ်ဆေးနေပါတယ်” ဟု Delta Guerrilla Force (ဧရာဝတီစစ်ဒေသခွဲ – PRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ပြည်သူ့တော်လှန်ရေး အင်အားစုအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် လက်ပါးစေ အားလုံးကို ထပ်မံ အရေးယူ တိုက်ခိုက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို “Cheetah Operation” များထဲမှ တစ်ခု အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်တပ် လော်ဘီ တယ်လီဂရမ် စာမျက်နှာက ထုတ်ပြန်ထားသော ဗုံးခွဲ တိုက်ခိုက်ခံရသည့် လပွတ္တာ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article