25 C
Yangon

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရာထူးမှ ဖယ်ရှားပြီးနောက် စစ်ကောင်စီက အကျယ်ချုပ်ထားရှိ

Must read

ရန်ကုန်၊ မေ ၁၇

ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရာထူးမှ ဖယ်ရှားပြီးနောက် စစ်ကောင်စီက အကျယ်ချုပ်ချထားကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ကျန်းမာရေးအရ ရွေးကောက်ခံ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကို ရာထူးတာဝန်မှ အနားယူခွင့် ပြုကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ အတွင်းရေးမှူး အောင်လင်းဒွေးက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“‘ဒုသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူကို အကျယ်ချုပ်နဲ့ ဒုဝန်ကြီးအိမ်ရာမှာထားပါတယ်။ သူရဲ့ ကိုယ်ရေးအရာရှိ ဖြိုးမြင့်တင်ကိုလည်း သွားလာခွင့်ပေးထားပါတယ်။ ဖမ်းဆီးထားတာမျိုးထက် သွားလာခွင့်ပိတ်ပင်ပြီး ဒုဝန်ကြီးအိမ်ရာပဲ အကျယ်ချုပ်ချထားတာပါ။ ဖုန်းတွေလည်း ကိုင်ခွင့်မပြုလို့ သူ့မိသားစု ဖုန်း​တွေပါဆက်သွယ်မရ​တော့ဘူး” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်လာခဲ့သည်။ ယင်းနောက် ၂၀၁၆ မတ်လ ၃၀ ရက်နေ့တွင် ဒုတိယသမ္မတအဖြစ် အရွေးချယ်ခံခဲ့ရသူလည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးချယ်ထားသော ဒုတိယ သမ္မတ ဟင်နရီ ဗန်ထီးယူသည် အကြမ်းဖက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင် ရွက်သဖြင့် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း NLD က ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၆-၂၀၂၁ လွှတ်တော်သက်တမ်းကာလအတွင်း NLD ပါတီက ယုံကြည်စွာ တာဝန်ပေးမှုဖြင့် NLD လွှတ်တော် အမတ် ဦးဟင်နရီ ဗန်ထီးယူသည် ဒုတိယ သမ္မတဖြစ်ခဲ့သော်လည်း ယခုအခါ ပြည်သူလူထုကို အကြမ်းဖက်၊ နှိပ်စက်၊ ဖမ်းဆီး သတ်ဖြတ်လျက် စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန် နေသော အာဏာလုစစ်အုပ်စုနှင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း NLD ပါတီ၏ ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဩဂုတ်လ ၈ ရက်နေ့ NLD ဗဟိုအလုပ်ကော်မတီက ဟင်နရီ ဗန်ထီးယူ ကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရန် အများသဘောတူ အစည်းအဝေး ဖြင့် ဆုံးဖြတ်ခဲ့ကြကြောင်း ၊ဦးဟင်နရီဗန်ထီးယူသည် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ပါတီ၏ ရည်ရွယ်ချက် များနှင့် ချမှတ်ထားသောမူဝါဒများကို လိုက်နာဆောင်ရွက်ပါမည်ဟု ကတိသစ္စာ ပြုထားသည့် အပြင် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထု၏ ဆန္ဒကို အလေးအနက်ထား ဆောင်ရွက်ပါမည် ဟူသော ပြည်သူလူထုထံ ပေးအပ်ထားသော ကတိသစ္စာများကိုလည်း ချိုးဖောက်လိုက်ခြင်းကြောင့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်အဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း NLD က တရားဝင် ကြေညာခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article