25 C
Yangon

မုံရွာ -မန္တလေးလမ်းတွင် ကြေးနီများ တင်ဆောင်သော စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်အစပ် မုံရွာ -မန္တလေးလမ်းမပေါ်တွင် အကြမ်းဖက်စစ် ကောင်စီ၏ ကြေးနီတင်စစ်ယာဉ်တန်းကို မိုင်းဆွဲခြင်း၊ ပစ်ခတ် တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ စစ်သား ၁၂ ဦးသေဆုံးခဲ့ ကြောင်း မုံရွာခရိုင် တပ် ရင်း ၂ တပ်ခွဲ ၃ – NRPF မှ တပ်ခွဲမှူး ကိုဝေလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၃ မိနစ်အချိန်က မုံရွာမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီများတင်ဆောင်ပြီး ထွက်လာသော ယာဉ်တန်းကို လိုက်ပါစောင့်ရှောက် သည့် အကြမ်းဖက်စစ်ကားနှင့် စစ် သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၁၂ ဦးသေဆုံးပြီး ၁၀ ဦးအထက် ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“မုံရွာ နဲ့ချောင်းဦး အကူးမှာဖြစ်တာ။ သူ့တို့ဘက်ရော ကိုယ်တွေဘက်ကရော အပြန်အလှန် အကြိတ်အနယ် ချကြတာ။ မနေ့က အငိုက်မိပြီး အထိအတော်နာသွားတော့ ဒီနေ့လည်း မကျေပွဲ နွှဲမယ်ဆိုပြီး မနေ့ကဖြစ်တဲ့နေရာမှာ အင် အားများများနဲ့ လာပြီး စိန်ခေါ်နေတယ်။ အသံချဲ့စက်နဲ့” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NRPF မှ တပ်ခွဲမှူး ကိုဝေလင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NPRFမုံရွာခရိုင်တပ်ရင်း ၁၁စည်းလုံညီညွတ်သောပြည်သူ့တပ်မတော် U.P.AGolden Eagle Force MonywaBrother Revolution Force MonywaBlack Hero Local စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်မျာ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“အဓိကပြောလိုတာကတော့ ပြည်သူတွေအပါအဝင် ရဲဘော်တွေအားလုံး လက်မလျှော့ ဖို့ပါပဲ။ သူတို့ရဲ့ စစ်ဌာန ချုပ်နဲ့ အနီးဆုံးနေရာမှာတောင် ဒီလိုမရှုမလှသေနေကြတာ၊ ကျနော်တို့အားလုံးသာ တကယ် စည်းလုံးရင် ကြီး မားနဲ့ အင်အားနဲ့ ဖိအားပေးနိုင်တာမို့ စည်းလုံးဖို့နဲ့ လက်မလျှော့ဖို့ ပြောလို ပါတယ်” ဟု မုံရွာခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ – NRPF မှ တပ်ခွဲမှူး ကိုဝေလင်းက တိုက် တွန်း ပြော ကြားသည်။

ဓာတ်ပုံ – အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အညာဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article