25 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲမွဲတေ လာပြီး လူလတ်တန်းစားများ တဖြည်းဖြည်း ပျောက်ကွယ်လာဟု ကုလ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ

Must read

ရန်ကုန်၊ မေ ၁၇

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါး ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်း အောက်သို့ ကျရောက် မွဲတေလာပြီး လူလတ်တန်းစားများ တဖြည်းဖြည်း ပျောက်ကွယ်လာဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံ အမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုလိုက်သည်။

မေလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သော ကုလသမဂ္ဂစီးပွားရေး နှင့် လူမှုရေးကောင် စီ၏ ၂၀၃၀ အာဂျင်ဒါအကောင်အထည်ဖော်ရေး ၂၀၂၄ ခုနှစ် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်း အောက်သို့ ကျရောက်နေပြီး နိုင်ငံတွင် အလယ်အလတ်ရှိသည့် လူလတ်တန်းစားများမှာ တဖြည်းဖြည်း ပျောက်ကွယ်လာနေကြောင်း၊ ကမ္ဘာ့ဘဏ် ၏အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲရေးမှာ ရပ်တန့်နေခဲ့ပြီး စိုးရိမ်မှုအခြေအနေကို ရောက်ရှိနေပြီဟု ထုတ်ပြန်ထားကြောင်း၊ အသေးစားငွေးကြေးလုပ်ငန်းအဖွဲ့များအပေါ် များစွာရိုက်ခတ်မှုရှိခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

၎င်းအပြင် မကြာသေးမီက စစ်တပ်မှ အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ် ခြင်းကြောင့် ပုဂ္ဂလိကလုပ်ငန်းများတွင် လုပ်ကိုင်နေသည့်သူများအပါအဝင် လူငယ်များစွာ သည် တိုင်းပြည်မှ ထွက်ခွာရခြင်း၊ ပုန်းခိုနေရခြင်းများ ပြုလုပ်နေကြရကြောင်း၊ ယခုအခါ နိုင်ငံအတွင်းတွင် လူဦးရေ ၃ သန်း ကျော်မှာ နေရပ်စွန့်ခွာထွက် ပြေးနေရပြီး ပြည်သူ ၁၈ ဒသမ ၆ သန်း ကျော်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေကြောင်း၊ စစ်တပ်သည် တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ် စေသည့် အဓိကအကြောင်းအရင်းဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးတွင်လည်း အဓိကအတားအဆီးဖြစ်ပါကြောင်း သံအမတ်ကြီးက ပြောသည်။

ယင်း အကောင်အထည်ဖော်ရေး၏ ရေရှည်တည်တံ့သော ငွေကြေးထောက်ပံ့မှုနည်းလမ်းများ ဖြစ်ပေါ်စေရေးတွင် နိုင်ငံအတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် တိုင်းပြည် တည်ငြိမ်ရေးသည် အရေးကြီးသည့်အချက်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းမှု မရနိုင်သလို၊ ငြိမ်းချမ်းမှုမရှိဘဲ ဖွံ့ဖြိုးတိုး တက်မှု မရှိနိုင်ပါကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

မြန်မာနိုင်ငံသည် INFF အကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂဖွံဖြိုးတိုးတက်ရေးစနစ် (UNDS) နှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားလိုပါ ကြောင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်များအတွက် ဘဏ္ဍာငွေနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ တိုင်းပြည်တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

သို့ဖြစ်ရာ ၂၀၃၀ အာဂျင်ဒါ အကောင်အထည်ဖော်ရေးတွင် ယခင်ရရှိပြီးသော ရလဒ် ကောင်းများ ပြန်လည်ရရှိစေပြီး ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက် လုပ်ဆောင်ရမည့် တစ်ခုတည်းသောအချက်မှာ စစ်အာဏာရှင် စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ခြင်းဖြစ်သည်မှာ အထူးထင်ရှားပါ ကြောင်း၊ ကုလသမဂ္ဂရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို နိုင်ငံအဆင့်ဖော်ဆောင်ရေး မှာ လွန်စွာအရေးပါကြောင်း၊ မြန်မာနိုင်ငံသည် အရပ်သားအစိုးရလက်ထက်က ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်း ချက်များ အကောင်အထည်ဖော်ရေးအတွက် “Myanmar Sustainable Development Plan” (MSDP) ကို အကောင် အထည်ဖော်ခဲ့ရာ တိုးတက်မှုများရရှိခဲ့ကြေင်း၊ သို့ရာတွင် ယင်းတိုးတက်မှုများသည် ၂၀၂၁ စစ်တပ်မှ မအောင်မြင်သော မတရား အာဏာသိမ်းမှုကြောင့် ဆုတ် ယုတ်ပျက်စီးခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောဆိုသွားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article