25 C
Yangon

အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ကျောင်းသို့ စစ်မှုထမ်းရန် ပို့ဆောင်ခံရသူ လူ ၄ ဦးကို အရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ကျောင်းကို အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် ပို့ဆောင်ခံရသူ လူ ၄ ဦးကို PDF တပ်ဖွဲ့များက အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ အတွင်း အကြမ်းဖက် စစ်တပ်က ထပ်မံဖွင့်လှစ်နေသော အပတ်စဉ် ၂ သင်တန်းကို စစ်မှုထမ်းရန် ပို့ဆောင်သူ ၄ ဦးကို PDF တပ်ဖွဲ့များက အရာတော်မြို့နယ်အတွင်း အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“အရာတော် အမှတ် ၁၀ စစ်အခြေခံ လေ့ကျင့်ကျောင်းမှာ စစ်မှုထမ်းဖို့ ပို့ဆောင် ခံရတဲ့ သူ ၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တော့ ထပ်ပြီး ထုတ်ပြန်ပါ့မယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုကို အရာတော် မြို့နယ် နောင်ရိုး ပြည်သူကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article