25 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်၊ ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်၊ ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေး လမ်းမပေါ်တွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၆ ရက် မွန်းတည့် ၁၂ နာရီ ၅၄ မိနစ်အချိန်တွင် မုံရွာမြို့ဘက်မှ ထွက်လာသော ဝမ် ပေါင် ကုမ္ပဏီမှ ကြေးနီများတင်ဆောင်လာသည့် တွဲကား ၇ စီး နှင့် နမခ တပ်မှ ထွက်လာသည့် မိုး ကာအုပ်ကားစီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်နှင့်ရေပိုးစားကျေးရွာကြား အရောက် ရှေ့ထွက်မိုင်း ၃ လုံး၊ ထန်းလုံးမိုင်းအကြီး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် နှစ်နေရာခွဲ ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“မုံရွာဘက်က ထွက်လာတော့ ကြေးနီတင်တွဲကား ၇ စီး၊ မိုးကာအုပ်ကား ၂ စီးပါ၊ မုံရွာ- ချောင်းဦး လမ်းပိုင်းမှာ မိုးကာအုပ်ကားတစ်စီးကို မိုင်းဆွဲပြီး ဝင်ပစ်တော့ အပစ်ခံရတဲ့ မိုးကာအုပ်ကားတစ်စီးက ချောင်းဦးမှာ ကျန်ခဲ့တာ။ အဲဒါကြောင့် မြင်းမူဘက်ကို ဆက်ထွက်လာတဲ့ တွဲကား ၇ စီးနဲ့ မိုးကာအုပ် ကားတစ်စီးကို ထပ်ပြီး မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ မိုးကာအုပ်ကားပေါ်မှာတော့ စစ်ခွေး တွေ ပါတယ်။” ဟု People’s Defence Force – South Monywa မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ ၁ – Monywa Ranger Group/ Truth Army ၊ နွေဦးလူငယ် People’s Defence Force ၊ Myinmu Local Defence Force ၊ တောသားကြီးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ နှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defence Force – South Monywaအနေဖြင့် ရန်ပုံငွေ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး ခဲယမ်းမှ အစ ပြန်လည်ဖြည့်တင်းနိုင်ရန် လိုအပ်လျက်ရှိသဖြင့် မိဘပြည်သူက တတ်သမျှ ဝိုင်းထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့တွင် မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီး ၂၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး တင်းဂါတ်ရွာ ပျူစောထီး ခေါင်းဆောင် မြင့်ကြည်၏ ဒုလက်ထောက် သန့်ဇင် အပါအဝင် စစ်ကောင်စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Black Cobra ၊ Pku Thurian နှင့် KMDF (Kamma Defence Force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article