25 C
Yangon

မံစီမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာနေပြီး မိုးမောက်မြို့သိမ်းတိုက်ပွဲမှာ အောင်ပွဲနှင့်နီးလာပြီဟုဆို

Must read

ရန်ကုန်၊ မေ ၁၈

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်နောက်ဆုံး ခံတပ် ၂ ခုဖြစ်သော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကို တိုက်ခိုက်လျက်ရှိရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနေကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

မေလ ၇ ရက်နေ့မှစတင်ပြီး မံစီမြို့နယ်ရှိ ရဲစခန်းများနှင့် တပ်စခန်းများကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ မံစီမြို့နယ်ရဲစခန်းကို ယင်းနေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မံစီမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော ခမရ ၃၁၉ နှင့် ခမရ ၆၀၁ စခန်းတို့ကိုမူ ယနေ့ အချိန်အထိ ဆက်လက်တိုက် ခိုက်နေဆဲဖြစ်ကြောင်း၊ သို့ရာတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အလွန်များပြားကာ လေကြောင်းတိုက်ခိုက်မှုများဖြင့် အဓိက ခုခံနေကြောင်း သိရှိရသည်။

“မံစီ တပ်စခန်း ၂ ခုကို တိုက်ခိုက်နေတာမှာ တပ်ဘက် သောက်သောက်လဲသေနေတယ်။ မြေပြင်မှာလည်း သူတို့ စစ်ကူ မလာနိုင်ဘူး။ လေကြောင်းနဲ့ပဲ ပစ်ကူပေးနေတာ။ စစ်ကောင်စီက မံစီဘက်မှာ လေယာဉ်နဲ့ ဗုံးတွေ

တောက်လျှောက်ကျဲနေတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီ၏ တစ်ခုတည်းသော ခံတပ်ဖြစ်သည့် ခမရ ၄၃၇ တပ်စခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်လျက်ရှိရာ မကြာမီ သတင်းကောင်း ပြည်သူများ ကြားရလိမ့်မည်ဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။

“ခမရ ၄၃၇ ကို ကျနော်တို့ ၀ိုင်းပြီး ပိတ်ဆို့ တိုက်ခိုက်နေပါတယ်။ မကြာခင် ပြည်သူတွေ သတင်းကောင်းကြားနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ – တိုက်ပွဲဝင်နေကြသည့် KIA တပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တိုက်ပွဲဝင်နေကြသည့် KIA တပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article