25 C
Yangon

ဂန့်ဂေါ၊ ရေသာရွာနှင့် ရွှေဘိုရွာမှ ပြည်သူ ၂ ဦးကို စစ်တပ်နှင့်ပျူစောထီးများက သတ် ဖြတ်ပြီး နေအိမ် ၂၈၁ လုံးကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၁၈

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်၊ ရေသာရွာနှင့် ရွှေဘိုရွာမှ ပြည်သူ အမျိုးသား ၂ ဦးကို ပျူစောထီး စစ် ကြောင်းက သတ်ဖြတ်ပြီး နေအိမ် ၂၈၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘ ကောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက် နံနက် ၆ နာရီအချိန်မှစ၍ ဂန့်ဂေါမြိုနယ် မြောက်ပိုင်းနှင့် ကလေးမြိုနယ် တောင်းပိုင်း ရှိ ပျူစောထီးရွာ ၁၂ ရွာမှ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ဂန့်ဂေါမြိုနယ်မြောက်ပိုင်း သင် တောရွာ၊ ရွှေဘိုရွာနှင့် ရေသာရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းပြီး နံနက် ၁၀ နာရီအ ချိန်မှ စတင်ကာ ရွှေဘိုရွာမှ နေအိမ် ၂၆၆ လုံး၊ ရေသာရွာမှ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရသည်။

ထို့အပြင် ရွှေဘိုကျေးရွာအတွင်းမှ မျက်စိမမြင်၊ နားမကြားသဖြင့် ကျေးရွာအွင်းမှ ထွက်မပြေးနိုင်သူ အသက် ၈၀ အရွယ် ဦးသာနွယ်နှင့် အသက် ၄၀ အရွယ် ခန့်ရှိ အမျိုးသားတစ်ဦးကိုလည်း ညှင်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် ပြည်သူ့နေအိမ်များ အ တွင်း မှ ခိုးယူထးသော ပစ္စည်းများနှင့် ရွှေဘိုကျေးရွာမှ သံဃာတော် ၇ ပါးအား ဓားစားခံဖမ်းဆီးပြီး မြောက်ခင်ရန်ကျေးရွာသို့ ပြန်လည်ဝင်ရောက်သွားပြီး မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဓာစားခံ ဖမ်းဆီးသွားသည့် သံဃာ ၇ ပါးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ပျူစောထီးများ မီးရှို့ဖျက်ဆီးကာ ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသော နေအိမ်များ မီးကူးစက်ခြင်း မရှိစေရန် ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်း၊ အမှတ် ၁၂ တပ်ရင်း နှင့် အမှတ် ၁၄ တပ်ရင်းမှရဲဘော်များ၊ ပကဖ ရဲဘော်များ၊ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ပအဖ မီးသတ် အဖွဲ့၊ ဂန့်ဂေါမြို့ နယ် ပြည် သူ့ ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖ ကူညီကယ်ဆယ်ရေးအဖွဲ့ နှင့်ရွှေဘိုရွာ ပအဖ၊ ပကဖ အဖွဲ့များ က ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ပြီး ပျူစောထီးများ သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းနှစ် လောင်းကို ကောက်ယူကာ ဘေးကင်းသည့် ကျေးရွာတွင် ကောင်းမွန်စွာ မီးသဂြိုဟ်ပေးခဲ့ကြောင်း သိရ သည်။

“ရွှေဘိုရွာကတော့ အိမ်ခြေ နဲနဲဘဲ ကျန်တော့တယ်။ လက်ရှိမှာတော့ မိုးဦးကျကာလရောက်ပြီ ဆို တော့ တဲထိုးဖို မိုးကာတွေအရေးပေါ်လိုအပ်လာတယ်။ ပြီးတော့ အကုန်မီးလောင်တဲ့အထဲပါသွားတဲ့ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေဘာမှ မရှိတော့ဘူး။ ဒါတွေလှူပေးနိုင် ကူညီပေးနိုင်သူ များရှိကြ ရင်လဲ ကူညီ‌ပေးကြဖိုတောင်းဆိုချင်ပါတယ်” ဟု ယောအလင်းတန်းက ကိုဘကောင်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒုက္ခရောက်နေကြသော ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာ နေပြည်သူများအတွက် အရေးပေါ်လိုအပ်နေသော မိုးကာ၊ ရိက္ခာနှင့် ဆေးဝါးများ ဆက်သွယ် လှူ ဒါန်းလိုပါ ဂန့်ဂေါမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထား သည်။

ရွှေဘိုရွာသည် အကြမ်းဖက်စစ်သား၊ ပျူစောထီးများ၏ ၃ ကြိမ်မြောက် မီးရှိခံရခြင်းဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော်ရှိသည့်အနက် အိမ်ခြေ ၂၉၅ လုံးမီးလောင်ဆုံးရှုံးထားကြောင်း သိရသည်။

ဓာတ်ပုံ – မေလ ၁၆ ရက်နေ့က ရွှေဘိုရွာနှင့် ရေသာရွာမီးရှိခံရပြီးနောက် မြင်ကွင်းနှင့် အသတ်ခံရသူ ပြည်သူ ၂ ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article