25 C
Yangon

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၆ ဦးသေဆုံး၊ မုံရွာမြို့နယ်ရှိ တောပုရွာပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၆ ဦးသေဆုံး၊ မုံရွာမြို့နယ်ရှိ တောပုရွာပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁၈

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပေပါ မိုင်းဆွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ဗျူဟာမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ်မှ ကိုဇီးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာဘက် သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ၃ နှင့် ပေပါမိုင်း အသုံးပြုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗျူဟာမှူး အပါအဝင် ၆ ဦးသေဆုံးကာ ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက ကိုင်းရွာမှာပဲဘက်မှာပဲရှိသေးတယ်။ ကိုင်းရွာ ဘက်က ကျနော်တို့ မဟာမိတ် တပ် ဖွဲ့တစ်ဖွဲ့ရဲစခန်းကိုလည်း မီးရှို့သွားတယ်။ သေသွားတဲ့ ဗျူဟာ မှူးက နာမည်အတိအကျ မသိရ သေးဘူး။ အခုက ဗျူဟာမှူးအသစ်ပြောင်းပြီး စစ်ကြောင်းဆက်တိုး နေတာပေါ့။ မိုင်းထိသေတဲ့ ဗျူဟာမှူးကျတော့ ဆီမီးခုံဆိပ်ကမ်းကို စစ်သင်္ဘောနဲ့ သယ်သွားတယ်။ ဆီမီးခုံကနေ မြင်းခြံပို့မယ် ထင်တယ်။ သူတို့ကုန်းလမ်းမသုံးရဲတော့ဘူး၊ ရေလမ်းကနေပဲ သယ်သွား ကြတာ။ လောလော ဆယ်က ကိုင်းရွာဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတယ်” ဟု ပုဂံပြည် ဘီလူးတပ်မှ ကိုဇီးက ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို MP9 PDF ၊ မိုင်းရာဇာ၊ တလုပ် PDF ၊ One PDF ၊ MGN 9 Star နှင့် ပုဂံပြည် ဘီလူးတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၇ ရက်နေ့က မုံရွာမြို့နယ်၊ တောပုရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ် ပေါင်း စုများမှ လက်နက်ကြီးခေါ် ၆၀ မမ ၊ ၈၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး ထိခိုက်ဒာဏ်ရာရရှိခဲ့ပြီး ပျူစောထီး နေအိမ် ၁ လုံး မီးလောင်ပျက်စီးကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၂၃ ၊ မုံရွာခရိုင်တပ်ရင်း ၇ ၊ မုံရွာခရိုင် တပ်ရင်း ၂၅ ၊ Fighter 1 တပ်ခွဲ Generation Fighter Force နှင့် Monywa Brave Hearts Local Defence Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article