26 C
Yangon

Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်

Must read

Breaking News- ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် ဗျူူဟာဌာနချုပ်ကို ကို AA က သိမ်းပိုက်လိုက်ပြီး ဘူးသီးတောင်မြို့နယ်တစ်ခုလုံးကို AA က ထိန်းချုပ်

ရန်ကုန်၊ မေ ၁၈

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က ယနေ့ သိမ်းပိုက်လိုက်ပြီး မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက်တပ်ရင်းအချို့အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) က မေလ ၁၈ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်ကြောင်း သိရှိရသည်။

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ ၃၇၈ ၊ ခမရ

၂၃၄ ၊ ခမရ ၃၄၅ ၊ ခမရ ၃၅၂ တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ ၃၅၃ ၊ ခမရ ၅၃၅ ၊ ခမရ ၂၆၃ နှင့် ခမရ ၂၃၃ စသည့် တပ်ရင်း ၄ ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့ကြောင်း၊ မေလ (၁၃) ရက်နေ့တွင် နခခ ၃ အားလည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

AA က တပ်ရင်းများကို သိမ်းပိုက်လိုက်ပြီးနောက် အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး မိမိတို့ကို တိုက်ခိုက်နေသော မွတ်စလင်များကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြိုပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သားများမှာ ကျေးရွာများ၊ ဘူးသီးတောင်မြိုအတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း “အထူး” သတိပေးအပ်ကြောင်း AA က ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article