25 C
Yangon

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မေ ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေး ၁ ဦးနှင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်း တပ်စခန်းက ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သုံးအိမ်စုရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၅ နှစ်အရွယ် နော်မြထူး လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၆ လုံး ထပ်မံ ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြရွာနှင့် အဝန်းကြီး ရွာ အကြား ရော်ဘာခြံအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

မေလ ၁၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်က ဝီယော်တိုက်နယ်ရှိ ကျေးရွာများကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ ထုံးဘိုကြီးရွာ အထက်ရှိ ရော်ဘာခြံအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဝင်းပရွာကြီးနေ အသက်၄၀ နှစ်အရွယ် စောဝင်းမြင့် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ-၉ တပ်ရင်းက လက်နက်ကြီး ၂ လုံး၊ မွန်းလွဲ ၁၂ နာရီ ၁၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်းက လက်နက်ကြီး ၃ လုံး ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article