25 C
Yangon

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအနီး တပ်စွဲထားသော စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Generation Z Power ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်နှင့် ညနေ ၅ နာရီ ၁၅ မိနစ် တို့တွင် စစ်ကိုင်းမြို့နယ်၊ အုန်း တောကျေးရွာ၊ စစ်ကိုင်း -မုံရွာလမ်းမပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“၂ ဦးသေပြီးတော့ ၅ ဦးဒဏ်ရာတယ်၊ သေတဲ့ ၂ ဦးကတော့ အဲဒီနေရာမှာပဲ အမိန့်စာပြန်တယ်လို့ သိရတယ်။ ကျနော်တို့ဘက်က ဒရုန်း ၂ စီးဆုံးရှုံးခဲ့တယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျနော်တို့ ဗုံးချပြီးတဲ့အချိန် Jammer လွှတ်တဲ့သဘောပဲ၊ Jammer ကို မရုန်းနိုင်တဲ့အချိန်မှာ Error ဖြစ်ပြီး ကျသွားတာ။ ကျတာကတော့ မြင်ရတဲ့နေရာပဲ ဒါပေမယ့် ပြန်ကောက်လို့မရဘူး၊ အဲဒီတပ်ထဲက နယ်ခံတွေခေါ်လာပြီးတော့ အဲဒီဒရုန်း ၂ စီးကို လာကောက်သွားတာ။ စစ်ကိုင်း – အုန်းတော ကုန်း တက်နားမှာ တပ်စွဲထားတာ၊ သိပ်ကြားသေးဘူး။ တစ်လလောက်ပဲရှိသေးတယ်။ စစ်ကိုင်း – အုန်း တောမိန်းလမ်းပေါ်မှာပဲ။ ကင်းချတဲ့သဘောမျိုးတပ်စွဲထားတာ။” ဟု Generation Z Power ပြည် သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား – GZP တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြ ပြောက်ကျားတပ်ခွဲနှင့် Taw Twin Tup Pee Local PDF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article