26 C
Yangon

တောင်ငူ၊ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို စီးနင်းတိုက်ခိုကုမှု စစ်သားများ အားလုံးထွက်ပြေးကာ စခန်းတွင်းမှ လက်နက်များ သိမ်းဆည်း ရမိ

Must read

ရန်ကုန်၊ မေ ၂၀

ပဲခူးတိုင်း တောင်ငူမြို့နယ် ဝက်ခေါက်စိန် ကျေးရွာ စာသင်ကျောင်းတွင် အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ ထွက်ပြေးသွားပြီး လက်နက်များ သိမ်းဆည်း ရမိခဲ့ကြောင်း တောင်ငူခရိုင် အမှတ် ၃၅၀၁ တပ်ရင်း ဘုရင့်နောင့်စစ်ကြောင်းမှ ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့ နံနက် ၃ နာရီအချိန် ဝက်ခေါက်စိန်ကျေးရွာ၏ စာသင် ကျောင်းတွင် ကတုတ်ကျင်းများတူး၍ အမာခံတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီးအကြမ်းဖက်စစ်သားများ အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စခန်းအတွင်းမှ ၆၀ မမ ၁၀ လုံးနှင့် အခြားစစ်ဘက် ပတ်သက်သော ပစ္စည်းများကိုသိမ်းဆည်း ရမိခဲ့ကြောင်း ဗိုလ်ကြက်သွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article