26 C
Yangon

အီရန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး တို့လိုက်ပါသော ရဟတ်ယာဉ် ပျက်ကျပြီး ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းများတွေ့ရှိ၊ အသက်ရှင်သူမရှိဟု အီရန်မီဒီယာများက ပြောဆို

Must read

ရန်ကုန်၊ မေ ၂၀

အီရန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး တို့လိုက်ပါသော ရဟတ်ယာဉ် ပျက်ကျပြီးနောက် ရဟတ်ယာဉ်ပျက် အစိတ် အပိုင်းများတွေ့ရှိရကာ အသက်ရှင်သူမရှိဟု အီရန်မီဒီယာများက ထုတ်ပြန်ပြောဆိုကြသည်။

အီရန်သမ္မတ Ebrahim Raisi နှင့် နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian အပါအဝင် အီရန်အစိုးရ အရာရှိများ စုစုပေါင်း လူ ၉ ဦးလိုက်ပါသော ရဟတ်ယာဉ်သည် မေလ ၁၉ ရက်နေ့ အီရန်-အဇာဘိုင်ဂျန်နယ်စပ်တွင် ပျက်ကျခဲ့ကြောင်း၊ ရဟတ်ယာဉ်ပျက် အစိတ်အပိုင်းများကို တွေ့ရှိရပြီး အသက်ရှင်ကျန်ရစ်သူမရှိကြောင်း အီရန်မီဒီယာအေဂျင်စီများက ဖော်ပြပြီးနောက် အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးသွားသည်ဟု ယူဆရသည်။

ကောင်းကင်မှ ရိုက်ကူးထားသော ရဟတ်ယာဉ်၏ အပျက်အစီးပုံများကို အီရန်နိုင်ငံပိုင်မီဒီယာ FARS သတင်းအေဂျင်စီတွင် ပြသခဲ့ရာ ရဟတ်ယာဉ်မှာ မတ်စောက်သော တောတောင်ကုန်းတစ်ခုပေါ်တွင် ပျက်ကျနေပြီး လက်ရှိတွင် အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့၏ သေဆုံးမှုကို အီရန်အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။

အသက် ၆၃ နှစ်ရှိ အီရန် သမ္မတ Raisi သည် ရေကာတာစီမံကိန်းသို့ သွားရောက်ရန် အီရန်နှင့် အဇာဘိုင်ဂျန်နယ်စပ်မှ ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ အီရန် မစ္စတာ Raisi နှင့် နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian တို့ တင်ဆောင်လာသည့် ရဟတ်ယာဉ်သည် မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က Varzaghan မြို့အနီးတွင် ပျက်ကျခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ရဟတ်ယာဉ်ပျက်ကျချိန်တွင် ရာသီဥတုဆိုးရွားပြီး မြူထူထပ်စွာကျဆင်းနေကြောင်း သိရှိရသည်။

ကယ်ဆယ်ရေးအဖွဲ့များက မြင့်မားသောတောင်တန်းများနှင့် သစ်တောထူထပ်သော နေရာများကို မိုးရွာ မြူခိုးဆိုင်းနေသော ဆိုးဝါးသည့် ရာသီဥတုအကြား ၁၀ နာရီကျော်ကြာ စူးစမ်းရှာဖွေခဲ့ကြကြောင်း၊ အီရန် အာဏာပိုင်များက ရာသီဥတုကြောင့် လေကြောင်းရှာဖွေမှုကို ရပ်ဆိုင်းခဲ့ကြောင်း၊ ခြေလျင်တပ်သားများ၊ တော်လှန်ရေးအစောင့်တပ်မှ ထိပ်တန်းကွန်မန်ဒိုများနှင့် ကယ်ဆယ်ရေးအဖွဲ့ ၄၀ တို့ကို စေလွှတ်ကာ လေယာဉ်ပျက်ကျသည့်နေရာကို ရှာဖွေခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

A helicopter carrying Iran’s President Ebrahim Raisi takes off, near the Iran-Azerbaijan border, May 19, 2024. The helicopter with Raisi on board later crashed. Ali Hamed Haghdoust/IRNA/WANA (West Asia News Agency) via REUTERS ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. ATTENTION EDITORS – THIS PICTURE WAS PROVIDED BY A THIRD PARTY
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article