25 C
Yangon

သပိတ်ကျင်းတွင် ဖမ်းဆီးရရှိထားသော ပျူစောထီး ၇ ဦးကို အရေးယူနိုင်ရန် ကွပ်ကဲမှု အဆင့်ဆင့်ကို တင်ပြထား

Must read

စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ပျူစောထီး သင်တန်း မတက်လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဖမ်းဆီးခံ ပျူစောထီးများက ထွက်ဆို

ရန်ကုန်၊ မေ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ဖမ်းဆီးရရှိသည့် ပျူစောထီးများများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အရေးယူနိုင်ရန် အထက်ကွက်ကဲမှုအဆင့်ဆင့်ကိုတင်ပြထားကြောင်း သပိတ် ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရရှိရသူများနှင့် ပတ်သက်၍ မေလ ၁၇ ရက်နေ့က ရုပ်သံဖိုင်ဖြင့် ထုတ်ပြန်ထားပြီး ဖမ်းဆီးရရှိသူများမှာ သပိတ်ကျင်းမြို့နယ်၊ ပေသောင်ရွာမှ သိန်းလွင်၊ ကျောက် ဖြူရွာမှ မင်းအောင်၊ လိပ်ကျကျေးရွာမှ ရဲလင်း၊ ၄ မိုင်ကျေးရွာမှ ဘုန်းလှိုင်တို့အပါအဝင် ၇ ဦးဖြစ်ပြီးဖြစ်ကြောင်း သိရ သည်။

“သူတို့က ပျူစောထီးသင်တန်းတက်ပြီးတော့ စစ်တပ်အားကိုးနဲ့ ရွာထဲမှာ သူတို့နဲ့တည့်တဲ့သူဆိုရင် အဆင်ပြေတယ်၊ မတည့်တဲ့သူတွေဆိုရင် PDF ထောက်ပံ့တဲ့သူတွေဆိုပြီးတော့ လက်ညှိုးဖမ်းခိုင်းတဲ့ သူတွေပေါ့၊ အဲလိုလူတွေကို သွားရောက်ပြီးတော့ ဖမ်းဆီးထားတဲ့သူတွေလည်းရှိတာပေါ့။ ပြီးတော့ တိုက်ပွဲအတွင်းထဲမှာ ဖမ်းမိထားတဲ့ ပျူစောထီးတွေလည်းပါခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ မဟုတ်ပဲနဲ့ ဖမ်းဆီးထားတဲ့သူတွေကတော့ ရွာထဲမှာနာမည်ဆိုးနဲ့ ကျော်ကြားနေလို့ ကျနော်တို့က သူတို့ကို အိမ်တိုင်ရာရောက် သွားရောက်ဖမ်းဆီးထားတဲ့ ပျူစောထီးတွေလည်း ပါတယ်။ သူတို့ကိုင်ထားတဲ့ သေနတ် တွေကတော့ မီးကျိုးမောင်းပျက်၊ တစ်ထောင့်တိုး တူမီး ဒါမျိုးတွေကိုင်ရတာတွေ လည်းရှိ တာပေါ့။” သပိတ်ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖမ်းဆီးရရှိသူအားလုံးသည် ပျူစောထီးသင်တန်းတက်ထားသူများဖြစ်ပြီး အမှတ် ၁၃ လေ့ကျင့်ရေး တပ်နှင့်ချောင်းကြီးရဲကင်းစခန်းစသည်တို့တွင် တစ်ပတ်နှင့် နှစ်ပတ်ကြာ သင်တန်းတက်ထားသူ များဖြစ်ကြောင်း၊ ၎င်းတို့ကို ရပ်ရွာကာကွယ်ရမည်ဟု ညွှန်ကြားချက်ပေးကာ ရပ်ရွာပြည်သူလူထု အပေါ် ညှင်းပန်းနှိပ်စက်ခြင်း၊ စစ်ကောင်စီအားကိုးဖြင့် မိုက်ကြေးခွဲခြင်း၊ ဖမ်းဆီးခိုင်းခြင်းတို့ လုပ် ဆောင်လေ့ရှိကြောင်း သိရသည်။

“ကျနော်တို့ကို ရပ်ရွာ ကာကွယ်ရေးလည်းရတယ်။ မင်းတို့ကို ထောက်ပံ့ငွေလည်းပေးမှာ။ မင်းတို့ မလိုက်ဘူးဆိုရင်လည်း ထောင်ချမယ်လို့ ပြောတယ်။ ထောင်ချမယ်လို့ပြောတဲ့သူတွေက ဥက္ကဌတွေ က အများဆုံးပြောတာ။ စစ်ကောင်စီက အာဏာတည်မြဲရေးအတွက် ဓားစာခံသက်သက်ထားပါ တယ်။ မည်သည့်ကိစ္စ အကြောင်းနဲ့ပဲဖြစ်ဖြစ် ပျူသင်တန်းဆင်းညီအစ်ကိုများ တော်လှန်ရေး ညီအစ် ကိုများ ဘက်ကို ယုံကြည် မှုရှိရှိနဲ့ လက်နက်ချအလင်းဝင်ဖို့တိုက်တွန်းချင်ပါတယ်။” ဟု ဖမ်းဆီး ထိန်းသိမ်းခံထားရသော ပျူစောထီးတစ် ဦးက ပြောဆိုထားသည်။

သပိတ်ကျင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင် အုပ်ကြီးများ၏ ဝါဒမှိုင်းသွင်း၊ ခြိမ်းခြောက်မှုကြောင့် ပျူစောထီးသင်တန်းတက်ရောက်ခဲ့သည့် ရွာ၊ အင်အား အသေးစိတ်အချက် အလက်တို့ ရရှိထားပြီး အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်ဝန်ထမ်းများအပါအဝင် ပျူစောထီးများ အနေဖြင့် အချိန်မနှောင်းခင် အလင်းဝင်ရောက်ကြရန် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article