25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့အနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်အင်အား ၂၀၀ လောက်ရှိတဲ့ ကဇူး-စစ်တပ်စခန်းကြီး နဲ့ ခါးရှီ-စစ်တပ်စခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၄ ခုကို KIA – PDF မဟာမိတ်ပူးပေါင်းတပ်တွေက မနေ့က ညပိုင်းမှာပဲ ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို လူမှုကွန်ရက်မှာ ဗီဒီယိုတင်ပြီး လှောင်ပြောင်ခဲ့တဲ့ ဒေါ်ဖြူဖွေးရဲ့ ခင်ပွန်းဖြစ်သူ အကြမ်ဖက် စစ်ကောင်စီတပ်က ဗိုလ်ကြီး အောင်မျိုးဦးဟာ ရခိုင် ပြည်နယ်က တိုက်ပွဲမှာ ပွဲချင်းပြီးကို သေသွားပြီး အလောင်းတောင်ပြန်မရဘူးလို့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။
  • စစ်အာဏာရှင်ကို တော်လှန်နေတဲ့ မွန်ပြည်နယ်က MSRF နဲ့ MSDF တော်လှန်ရေးတပ်တွေဟာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ၊ မွန်ပြည်နယ် အခြေစိုက်တပ်တွေ အားလုံး အမိန့်တစ်ခုတည်းအောက်မှာ စစ်ရေး ပူးပေါင်းနိုင်ဖို့အတွက် စည်းရုံးသွားမယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article