25 C
Yangon

Breaking News- ကမ္ဘာ့ရွှေစျေး စံချိန်တင် မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေစျေး ၅၁ သိန်း ၂ သောင်း အထိ စံချိန်ထိုးတက်ပြန်၊ ရွှေဆိုင်အများစုက ရွှေဆက်မရောင်းတော့ဘဲ ပြန်လည်ဝယ်ယူမှုသာလုပ်တော့

Must read

ရန်ကုန်၊ မေ ၂၀

ကမ္ဘာ့ရွှေစျေး စံချိန်တင်မြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေစျေးမှာလည်း အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၁ သိန်း ၂ သောင်းအထိ စံချိန်တင် ထိုးတက်သွားကြောင်း သိရှိရသည်။

မေလ ၂၀ရက်နေ့တွင် ကမ္ဘာ့ရွှေစျေးနှုန်းသည် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၃ အထိ စံချိန်တင် ထိုးတက်သွားဖြင့် မြန်မာ့ရွှေစျေးနှုန်းပါ ၅၁ သိန်း ၂ သောင်းကျော်အထိ စံချိန်တင်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာမှာမူ တစ်ဒေါ်လာလျှင် ၄၀၅၀ ကျပ်ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။

“အောင်သမာဓိက မရောင်းတော့ဘူး။ အရောင်းပိတ်တယ်။ ရွှေအဝယ်ပဲ ပြန်လက်ခံတယ်။ နောက်တစ်ခါ အခြား ရွှေဆိုင်တွေလည်း အရောင်းပိတ်တယ်။ သူတို့ကပဲ ပြန်ဝယ်တယ်။ မိုးတွင်း ရွှေရှားတော့မှာ ကြောင့်လည်းပါမယ်။ ရွှေဆိုင်တွေ အရောင်းပိတ်ရင်တော့ စျေးက အမြင့်ပိုင်းထက်ဖို့ သေချာနေတယ်လို့ ပြောရမှာပေါ့” ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ရှင်းပြသည်။

ရွှေစျေးကွက်တွင် ရွှေကုန်သည်များ မလာကြဘဲ စျေးကွက်ကို မိုဘိုင်းလ်ဖုန်းများဖြင့်သာ ချိတ်ဆက်ဆောင်ရွက်ကြကြောင်း၊ စစ်ကောင်စီကလည်း ရွှေစျေးတက်မှုကြောင့် ရွှေကုန်သည်တချို့ကို အရေးယူရန် ပြင်ဆင်နေသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article