25 C
Yangon

ရခိုင်ပြည်နယ်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေ၍ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိဟု AA ဖိတ်ခေါ်

Must read

ရခိုင်ပြည်နယ်တွင် စစ်တပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်ပြီး နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်နေ၍ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိဟု AA ဖိတ်ခေါ်

ရန်ကုန်၊ မေ ၂၀

ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ရခိုင့်တပ်တော်အနေဖြင့် နိုင်ငံတကာအကြမ်းဖက်မှုတိုက် ဖျက်ရေးအဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ယနေ့ မေလ ၂၀ ရက်နေ တွင်ထုတ်ပြန်သည်။

ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူ မြို့နယ်များမှ မူဆလင်များ၊ RSO၊ ARSA၊ ARA နှင့် အကြမ်းဖက်လိုသော အစွန်းရောက်မူဆလင်လူငယ်အရေအတွက် အများ အပြားကို အကြမ်းဖက် သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော အာရက္ခ ဒေသ တိုက်ပွဲ များအတွင်း အသုံးပြုခြင်း၊ RSO၊ ARSA၊ ARA အကြမ်းဖက်အဖွဲ့အစည်းများနှင့် စစ်ရေး အတူပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်ကာ အာရက္ခဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး အဓိက ရုဏ်း ဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် အရှိန်အဟုန်မြှင့်ကာ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA ထုတ်ပြန်ချက်အရ သိရသည်။

အာရက္ခတပ်တော်သည် “စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ပွဲဆင်ရမည်” ဟူသော ကျင့်ဝတ် ကို အထူးလိုက်နာကျင့်သုံးပြီး စစ်ပွဲနှင့်မသက်ဆိုင်သော အရပ်သားပစ်မှတ်များကို မည်သည့်အခါမှ ရည်ရွယ် တိုက်ခိုက်လေ့မရှိသော အဖွဲ့အစည်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေသောဒေသများ၌ ဒေသနေ ပြည်သူလူထုများအနေဖြင့် စစ်ပွဲများကင်းလွတ်ရာနယ်မြေများသို့ အရေးပေါ် ကူညီကယ်ထုတ်ခြင်း များကို လူမျိုးမရွေး၊ ဘာသာမရွေး အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ရခိုင့်တပ်တော် -AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းက စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် အာရက္ခဒေသ အတွင်း၌ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွားစေရန် ကြိုးကိုင်ဖန်တီးလျက်ရှိသည့်အပြင် ပြည်သူလူထု များ မူလနေရာ၌ ပြန်လည်နေထိုင်ခြင်းမရှိစေရန်နှင့် နာလန်မထူနိုင်စေရန် ရည်ရွယ်ပြီးဘူးသီးတောင် မြို့ထဲရှိ ရက္ခိုင်၊ ဟိန္ဒူ နှင့် တခြားမူဆလင်မဟုတ်သောသူများ၏ ပိုင်ဆိုင်သောအိမ်များ အားလုံးနီးပါး ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် မေလ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့အား အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ဖြင့် တိုက်ခိုက်ကာ ပြည်သူပိုင် အိုးအိမ်၊ တိုက်တာအဆောက်အအုံများအား ညဉ့်သန်းခေါင် အချိန်အ ထိ တောက်လျှောက် မရပ်မနား ကြိမ်ဖန်များစွာ ဗုံးကြဲဖျက်ဆီးခြင်းများကို ပြုလုပ်ခဲ့ပြီး အာရက္ခတပ် တော်မှ မီးရှို့ဖျက်ဆီးထားသယောင် သတင်းလွှင့် စွပ်စွဲပြောဆိုမှု များကိုလည်း တောက်လျှောက်ပြု လုပ်လျက်ရှိကြောင်း ရခိုင့်တပ်တော် -AA က ထုတ်ပြန်ပြောကြားသည်။

အာရက္ခတပ်တော်အနေဖြင့် စစ်တွေ၊ ကျောက်ဖြူ အစရှိသော မြို့ကြီးများမှ ပြည်သူလူထုများအား တိုက်ပွဲများ မဖြစ်ပွားခင်ကတည်းကပင် စစ်ပွဲများကင်းလွတ်ရာ လွတ်မြောက်ဒေသများသို့ ခေတ္တ ယာယီ ပြောင်းရွှေ့နေထိုင်ကြရန်နှင့် စစ်ကောင်စီကင်းစရာ ရခိုင့်တပ်တော် ထိန်းချုပ်နယ်မြေ အ တွင်း ရွှေ့ပြောင်း လိုသောသူများအား ပြောင်းရွှေ့ကယ် ထုတ်ပေးထားပြီး အမှန်တကယ် အကူအညီ လိုအပ်သောသူအချို့ကိုလည်း အတတ်နိုင်ဆုံး ကူညီပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့အတူ ဘူးသီးတောင်၊ မောင်တောမြို့များ၌လည်း တိုက်ပွဲမဖြစ်ပွားခင်ကတည်းက ကြိုတင်အသိ ပေးကာ စစ်ပွဲများနှင့်ကင်းလွတ်ရာဒေသများသို့ ကူညီကယ်ထုတ်ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ယခုထိတိုင်လည်း ကူညီကယ်ထုတ်နေဆဲဖြစ်ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ကူညီကယ်မှုများလုပ်ဆောင်နေစဉ်မှာပင် ဘာသာရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း များ ဖြစ်ကြသော RSO၊ ARSA၊ ARA အစရှိသည့် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသည့် နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်းအမည်ခံ ကိုယ်ကျိုးရှာ အဖွဲ့အစည်းများက အကြမ်းဖက် စစ်ကောင်စီ၏ အာဘော်နှင့်တူညီသော စကားများကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြောဆို လျက်ရှိ ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ပြောဆိုသည်။

ဤကဲ့သို့သော မဟုတ်မမှန် လုပ်ကြံသတင်းများကို ပြောဆိုနေခြင်းမှာ ရခိုင့်တပ်တော်၊ အဖွဲ့အစည်း၊ အာရက္ခဒေသနေ ရက္ခိုင်လူမျိုး၊ ရက္ခိုင်မျိုးနွယ်စုများနှင့် ဒေသခံမူဆလင်ပြည်သူလူထုအကြားတွင် ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုများအား တမင်ပျက်ပြားစေရန်ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းဖြစ်ပြီး အဆိုပါသတင်းများမှာ မှန်ကန်မှုမရှိကြောင်းနှင့် အဆိုပါသတင်းမှားများအား ပြောဆိုရေးသားနေ သူများကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်သည်။

မေလ ၁၇ ရက် နေ့စွဲဖြင့် RFA Burmese မှ ထုတ်လွှင့်ခဲ့သော အာရက္ခတပ်တော်မှ ဒရုန်းဖြင့်ဗုံးချ၍ ဘူးသီးတောင်မြို့အတွင်းမှ အရပ်သားပြည်သူအချို့ သေဆုံး၊ ရာချီဒဏ်ရာရ ဟူသောသတင်းမှာ ရခိုင့် တပ်တော်နှင့် သက်ဆိုင်ခြင်းမရှိသည့်အပြင် အခြေအမြစ် မရှိဘဲ တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ် ကြောင်း ရခိုင့်တပ်တော်က ပြတ်သားစွာ ငြင်းဆိုထားသည်။

ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မီဒီယာများအနေဖြင့်လည်း အာရက္ခဒေသတွင်း၌ လတ်တလောဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များ၏ ပကတိအမှန်တရားကို ဘက်လိုက်မှု မရှိဘဲ သတင်းကျင့်ဝတ်နှင့်လျော်ညီစွာ သတင်းရယူနိုင်ရေးအတွက် လိုလိုလားလား လက်ခံကြိုဆို လျက်ရှိကြောင်း၊ အမှန်တရားကို လိုလားပြီး မည်သည့် အကြမ်းဖက်လုပ်ရပ်ကို မဆို ဆန့်ကျင်ကန့် ကွက်ရှုတ်ချပါကြောင်း အသိပေးထားသည်။

ထို့အတူ နိုင်ငံတကာ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များနှင့် အတူလက်တွဲပြီး အကြမ်းဖက်တိုက်ဖျက် ရေး လုပ်ငန်းများတွင် လက်တွဲဆောင်ရွက်၍ရသော ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့် ရှိပါကြောင်း ဖိတ်ခေါ်ထားသည်။

ထို့ကြောင့် ဘူးသီးတောင်၊ မောင်တော ဒေသ၏ လက်ရှိအရေးကိစ္စများနှင့်ပတ်သက်၍ မလိုလား သော အဖွဲ့အစည်းများ၊ အုပ်စုများ၏ လုပ်ကြံစွပ်စွဲချက်များနှင့် ကွဲလွဲနေသော ပကတိ မြေပြင်အမှန် တရားများကို ကွဲကွဲပြားပြား၊ မှန်မှန်ကန်ကန် သိရှိနိုင်စေရန်အတွက် အချိန်မရွေး ဆက်သွယ် နိုင်ပြီး ဘက်မလိုက်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို အတူပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါ ကြောင်း ထုတ်ပြန်ထားသည်။

ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီသည် အာရက္ခဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲ များ၌ အရှုံးများဖြင့်ရင်ဆိုင်နေရကာ ဗျူဟာ၊ တပ်မဌာနချုပ်အပါအဝင် စစ်စခန်း၊ နယ်ခြားစောင့် စခန်းပေါင်း မြောက်မြားစွာကို နေ့စဉ်နီးပါး လက်လွှတ်ဆုံးရှုံးနေရပြီး နောက်ထပ်လည်း မြောက်မြား စွာ ဆုံးရှုံးရမည့် အခြေအနေများကို တွေ့မြင်နေရကြောင်း ရခိုင့်တပ်တော်က ပြောကြားသည်။

ထို့သို့ စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံတကာ သံတမန်ရေးအပါအဝင် အဖက်ဖက်က ရှုံးနိမ့်နေသော အ ကြမ်းဖက်စစ်ကောင်စီသည် ရှုံးမဲမဲကာ ၎င်းတို့ကျူးလွန်လေ့ ကျူးလွန်ထရှိသော နိုင်ငံတကာ လူ့အ ခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝ သွယ်ဖယ် ဆန့်ကျင်သော လုပ်ရပ်၊ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်သော လုပ်ရပ်များဖြစ်သည့် အရပ်သားပြည်သူလူထုနှင့် အရပ်သားပစ်မှတ်များ၊ ဈေး၊ ဆေး ရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံများ၊ ရပ်ရွာနှင့် မြို့များအတွင်းသို့ လက်နက်ကြီး၊ ရေ ကြောင်း၊ လေကြောင်းများမှ ပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် မီးရှို့ဖျက်ဆီးခြင်း၊ တံတားများကို ဖျက်ဆီးခြင်းတို့ကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို သတိထားကြရန်၊ တိုက်ပွဲဧရိယာနှင့်နီးစပ်သည့် ဒေသ များတွင် ဗုံးခိုကျင်းများ ကြိုတင်တူးထားကြရန်၊ တိုက်ပွဲများကြားတွင် ကြားညပ် ပိတ်မိမသွား စေရန်အတွက် စစ်ပွဲအန္တရာယ်ဇုန်အတွင်းမှ ဘေးလွတ်ကင်းရာနေရာများသို့ အတတ်နိုင်ဆုံးနှင့် အ မြန်ဆုံးရွှေ့ပြောင်းထားကြပါရန် ရခိုင့်တပ်တော် – AA က တိုက်တွန်းထားသည်။

ဘူးသီးတောင်၊ မောင်တော၊ သံတွဲဒေသများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် နေဆဲဖြစ်ပြီး အဆိုပါမြို့နယ်များအတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း လုံခြုံရေးအတွက် ဘေး လွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် အကယ်၍ စစ်ပွဲအန္တရာယ်ဇုန်ကြား ပိတ်မိခဲ့သည်ရှိ သော် မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်ထံသို့ အချိန်မရွေး ဆက်သွယ်၍ အကူ အညီတောင်းခံနိုင်ကြောင်း အသိပေးထားသည်။

စစ်ရှုံး အကြမ်းဖက် စစ်ကောင်စီသည် အာရက္ခဒေသအတွင်း ၎င်းတို့လက်လှမ်းမီသော အရပ်ဘက် ဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအားချိုးဖျက်ခြင်း၊ အပြစ်မဲ့ အရပ် သားပြည်သူလူထု နေထိုင်ရာ ရပ်ရွာ၊ မြို့များနှင့် ဈေးများသို့ လက်နက်ကြီးများ၊ လေကြောင်း၊ ဒရုန်း များဖြင့် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ကာ စစ်ရာဇဝတ် ပြစ်မှုကျူးလွန်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article