25 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၆၆ ဦးကို အာရက္ခတပ်တော် AA က ကယ်တင် လိုက်နိုင်တယ်လို့ အာရက္ခတပ်တော် AA က တရားဝင် ထုတ်ပြန်ထားပါတယ်။
  • မန္တလေးတိုင်းက သပိတ်ကျင်းမြိုနယ်မှာ တော်လှန်ရေးတပ်တွေက ဖမ်းဆီးရရှိထားတဲ့ ပျူစောထီး ၇ ဦးကို အရေးယူနိုင်ဖို့အတွက် ကွပ်ကဲမှု အဆင့်ဆင့်ကို တင်ပြထားတယ်လို့ သပိတ်ကျင်းမြို့နယ် တိုက်နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပြည်တွင်း စီးပွားရေးဈေးကွက်မှာ အခေါက် ရွှေတစ်ကျပ်သားကို ငွေကျပ် ၅၁ သိန်း ၂ သောင်းအထိ စံချိန်တင် မြင့်တက်သွားပြီလို့ ရန်ကုန်ရွှေကုန်သည် တစ်ဦးက ပြောပါတယ်။
  • အီရန်သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပျက်ကျသွားပြီး အသက်ရှင်သူ မရှိဘူးလို့ အီရန်မီဒီယာတွေက ထုတ်ပြန်နေကြသလို ၊ အီရန်သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ သေဆုံးသွားပြီလို့လည်း အီရန်နိုင်ငံပိုင် ရုပ်သံကနေ အတည်ပြုထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

    (ဤ အစီအစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြိုတွင် ဖွင့်လှစ်ထားသည့် Everything Halal Restaurant မှ ကူညီပံ့ပိုးထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article