25 C
Yangon

TNLAက သိမ်းပိုက်ထားသော မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်များ မရောင်းချရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့် TNLA တာဝန်ရှိသူများတွေ့ဆုံ

Must read

ရန်ကုန်၊ မေ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLAက သိမ်းပိုက်ထားသော မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန်များ မရောင်းချရေး အပါအဝင် ဒေသဖွံ့ဖြိုးရေး ပြည်သူများနှင့် TNLA တာဝန်ရှိသူများတွေ့ဆုံ ကြောင်း သိရှိရသည်။

မိုင်းလုံမြိုနယ်၊ မင်းကုန်းကျေးရွာတွင် PSLF/TNLA ၏ အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများမှ ဒေသဖွံဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် သွား‌ရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲတွင် မိုင်းလုံမြို့နယ်တွင် စစ်ကောင်စီ ထုတ်ကုန်များ တင်သွင်း‌ရောင်းချခြင်းမပြုရန် အထူးပြောကြားဆွေးနွေးပြီး မြိုနယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရန် ရှောင်ရန်များနှင့် ပြစ်မှုဆိုင်ရာများအား ရှင်းလင်းဆွေးနွေးကြောင်း သိရှိရသည်။

ထို့ပြင် ဒေသတွင်း မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တားဆီးတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန် ၊ဒေသထွက်ကုန်ဖြစ်သည့် လက်ဖက်လုပ်ငန်း အပါအဝင် အခြားသော ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများအား အဆင့်မြင့်လုပ်ကိုင်သွားကြရန် ဆွေးနွေးကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ကျေးရွာအုပ်စု ၄ အုပ်စုမှ ဒေသခံပြည်သူများ၊ လက်ဖက်လုပ်ငန်းအသင်းမှ တာဝန်ရှိသူများနှင့် လက်ဖက်လုပ်ငန်းကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၇ ခုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး တအာင်းကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကိုလည်း စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article