25 C
Yangon

ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ မေ ၂၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ရွာရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၁၉ ရက်နေ့က ပခုက္ကူမြို့နယ်၊ အရှေ့ချောက်ကန်ကျေးရွာ ဘုန်းကြီး ကျောင်း၌ တပ်စွဲထားပြီး စစ်ဆေးရေးဂိတ်ဖွင့်ထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Pakokku People Defense Force – PPDF တပ်ဖွဲ့မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သားတစ်ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အရှေ့ချောက်ကန်ကျေးရွာနေပြည်များမှ အကြမ်းဖက်စစ်ကောင် စီတပ်သားများနှင့် စကားပြောဆိုနေသဖြင့် တိုက်ခိုက်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရခြင်းဖြစ်ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာနေထိုင်ခြင်း မပြုရန်၊ ဂိတ်များ၊ စခန်းများ၊ ကင်းစခန်းများနှင့် ဝေးဝေးနေထိုင်ပေးကြပါရန်နှင့် ဝင်ရောက်တိုက်ခိုက်ချိန် ထိ ခိုက်မှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article