26 C
Yangon

တော်လှန် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်း

Must read

ရန်ကုန်၊ မေ ၂၁

တော်လှန် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ပြည်သူ အားလုံး ပူးပေါင်း ပါဝင်ကြရန် တော်လှန်ရေး အင်အားစုများ တိုက်တွန်းလိုက်ကြောင်း သိရသည်။

မေလ ၂၂ ရက်နေ့တွင် ကျရောက်မည့် နေ့ထူးနေ့မြတ်တစ်ခုဖြစ်သော ကဆုန်လပြည့်နေ့ကာလတွင် ဘုရားကျောင်းကန် စေတီပုထိုးများဆီ သွားရောက်၍ ဗောဓိညောင်ပင်မှာ ရေသွန်းလောင်းကြ၊ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြရင်း ဖြတ်သန်လေ့ရှိကြပြီး ယခုကာလသည် ဖက်ဆစ် အာဏာရူးတသိုက်ကို လူထုအားနှင့် ခုခံတွန်းလှန်နေကြတဲ့ ပြည်သူ့တော်လှန်ရေးကာလဖြစ်သည့်အတွက် ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း တော်လှန်ရေးဆန်ဆန် ဆင်နွှဲကြဖို့ အထူးတိုက်တွန်းလိုကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုထားသည်။

ကဆုန်ညောင်ရေသွန်းပွဲတော်ကို တော်လှန်ရေး ဆန်ဆန် ဆင်နွှဲရာတွင် အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ ဒေသရှိ ပြည်သူများ အနေဖြင့် ညောင်ရေအိုးများမှာ တော်လှန်စာ၊ တော်လှန်ဆုတောင်းများ ရေးသားခြင်း၊ လက်သုံးချောင်း အမှတ်အသား ရေးဆွဲခြင်းနှင့် ညောင်ရေသွန်းလောင်းကြရင်းဖြင့် အာဏာရှင်စနစ် အမြန်ဆုံး ကျရှုံးပါ‌စေ၊ တော်လှန်ရေးကြီး အမြန် အောင်မြင်ပါစေ ကြွေးကြော်ခြင်း အစရှိသဖြင့် တော်လှန်ရေးအတွက် ဆုတောင်းဆုပန် ပြုကြခြင်း၊ လပြည့်နေ့ ကုသိုလ်ကောင်းမှုပြုကြရာတွင် တော်လှန်ရေးကို တိုက်ရိုက်အကျိုးပြုမည့် ကူညီ၊ ထောက်ပို့၊ လှူဒါန်းမှုများ ပြုကြခြင်း အစရှိသဖြင့် မိမိတို့ အဆင်သင့်သလို၊ ဉာဏ်ရှိသလို ဖော်ဆောင်ကြရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

တော်လှန်ရေးအင်အားစုများ စိုးမိုးထိန်းချုပ်ထားသည့် နယ်မြေဒေသများမှ ပြည်သူလူထုအနေဖြင့် ကဆုန်လပြည့် တော်လှန်ညောင်ရေသွန်းလောင်းပွဲတော်ကို တော်လှန်ရေး ပုံရိပ်များ ဝေဝေဆာဆာဖြင့် အင်ပြည့်အားပြည့် ဖော်ဆောင်၊ ဆင်နွှဲကြရန် အားခဲထားကြကြောင်း သိရသည်။

အဆုံးသတ် အောင်ပွဲမှတ်ကို အမြန်ဆုံးရောက်ရှိရန် ပြည်သူ့အား၊ ပြည်သူ့ရုန်းကန်မှု၊ ပြည်သူ့အထွေထွေ အုံကြွတော်လှန်မှုသည် အခရာ အကျဆုံး ဖြစ်ပြီး ပြည်သူ တစ်ယောက်ချင်းစီအနေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း အာဏာရူး စစ်ကောင်စီ၏ ဆုံးမှတ် ဖြစ်စေရန် ချီတက်ကြဖို့ တိုက်တွန်းလိုကြောင်း တော်လှန်ရေး အင်အားစုများက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article