25 C
Yangon

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်

Must read

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်

ရန်ကုန်၊ မေ ၂၁

အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို တော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲတွင် စစ်ဘေးရှောင်ပြည်သူ တစ်ဦး လှူဒါန်းထားသော လက်စွပ် အမေရိကန် ၅၄၀၀ ဖြင့် လေလံအောင်မြင်သွားကြောင်း သိရှိရသည်။

မေလ ၁၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို မြို့တွင် “သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” တော်လှန်ရေး ရုပ်ရှင်ပြပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ ရုပ်ရှင်ပြသချင်း အပါအဝင် တော်လှန်ရေးအမှတ်တရ ပစ္စည်း တချို့ကို လေလံဆွဲချင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ အနုပညာရှင်များက လက်မှတ်ရေးထိုးထားသည့် Artists’ Shelter မှ Merchandise ပစ္စည်းများဖြစ်သည့် ရေဘူးကို အမေရိကန်ဒေါ်လာ ၁၀၀၀ ဖြင့်လည်းကောင်း၊ Hoodie အနွေးထည်ကို အမေရိကန်ဒေါ်လာ ၁၂၀၀ ဖြင့် လေလံဆွဲလှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ယင်းမာပင်ဒေသရှိ စစ်ဘေးရှောင်ပြည်သူတဦးလှူဒါန်းထားသည့် လက်စွပ်မောင်းကွင်းတခုကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ ဖြင့် စတင်ကာ လေလံဆွဲခဲ့ကြောင်း၊ အဆိုပါ လက်စွပ်သည် နောက်ဆုံးတွင် အမေရိကန်ဒေါ်လာ ၅၄၀၀ ဖြင့် လေလံဆွဲလှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။

” ဟုတ်ပါတယ်။ လက်စွပ်တကွင်းကို အမေရိကန်ဒေါ်လာ ၅၄၀၀ နဲ့လေလံဆွဲသွားတာပါ။ မြန်မာငွေအခုပေါက်စျေးနဲ့ဆို ကျပ်သိန်း (၂၀၀) ကျော်ပေါ့။ ဒီလက်စွပ်ရဲ့ ကာလပေါက်စျေးကတော့ အများကြီးမရှိပါဘူး။ လေလံအောင်မြင်တဲ့သူကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်အမှတ် ၅၄ ကိုရည်ရွယ်ပြီး ဒေါ်လာ ၅၄၀၀ နဲ့ ဝယ်ယူသွားတာပါ။ တကယ်ကို လေးစား အားရ ရပါတယ်” ဟု Artists’ Shelter မှ တာဝန်ရှိသူမှပြောသည်။

“သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများ” ရုပ်ရှင်ပြပွဲများကို နိုင်ငံတကာတွင် ရန်ပုံငွေပွဲများအဖြစ် Artists’ Shelter က စီစဉ် ပြုလုပ်လျက်ရှိပြီး ဂျပန်၊နယ်သာလန်၊ကိုးရီးယားနှင့် အမေရိကန်နိုင်ငံရှိမြို့အချို့တွင် ပြသရန်ကျန်ရှိနေသေးကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article